top of page

ကသာနှင့်အင်းတော်ဘက် စစ်ကော်မရှင် စစ်ကြောင်းထိုးနေ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ဧပြီလ၊၂၀၂၆။


စစ်ကော်မရှင်တပ်များသည် ကချင်နှင့် စစ်ကိုင်းအစပ်က ကသာနှင့် အင်းတော်မြို့ဘက်ကို စစ်အင်အား အလုံးအရင်းဖြင့် ဦးတည်ကာ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


စစ်ကော်မရှင်က ထီးချိုင့်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြတောင်ကျေးရွာကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည့်အပြင် ကသာနှင့်အင်းတော် မြို့ဘက်ကိုလည်း ဆက်တိုက် တိုက်ခိုက်နေကြောင်း သိရသည်။


ကသာမြို့တွင် ပြီးခဲ့သည့် မတ်လ၂၀ရက်ကတည်းက နှစ်ဖက်စစ်ရေး ပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ကသာမြို့အလုံးစုံကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီ ဆိုသည့်သတင်းလည်း လူမှုကွန်ရက်များတွင် ပြန့်နေသည်။


သို့သော် တစ်ဖက်တွင် ပြီးခဲ့သည့် မတ်လ၂၀ရက်ကနေစတင်ခဲ့သည့် ကသာမြို့သိမ်းတိုက်ပွဲမှာ လက်ရှိအချိန်ထိ မြို့အနီးနားဝန်းကျင်နေရာများတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page