ခေါင်လန်ဖူးဒေသရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA မှတိုက်ခိုက်သိမ်းပိုက်
- Pajau Media

- Dec 16, 2024
- 1 min read
ပါဂျောင်မီဒီယာ။
၁၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။
KIA ပူးပေါင်းတပ်ဖွဲ့များက ကချင်ပြည်နယ် အထက်ပိုင်း ခေါင်လန်ဖူးဒေသတွင် စစ်ရေးဖော်ဆောင်လျှက်ရှိပြီး ပြည်သူ့စစ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် အင်အား(၁၀၀)နီးပါးရှိသော လာဟူဆယ်ပြည်သူ့စစ်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်တို့က ယမန်နေ့ ၁၅ ရက် ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ရာ ပြည်သူ့စစ်တပ်သားအများစုမှာ စခန်းကိုစွန့်ခွာထွက်ပြေးသွားပြီး ထိခိုက်ဒဏ်ရာရရှိထားသဖြင့် မထွက်ပြေးနိုင်သော ပြည်သူ့စစ်အနည်းငယ်ကိုဖမ်းဆီးရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များအရသိရသည်။
ထို့အတူ ဒီဇင်ဘာ ၄ရက်နေ့တွင် စတင်ခဲ့သော KIAနှင့်မဟာမိတ်တို့၏ ဗန်းမော်နှင့်မံစီ မြို့သိမ်းတိုက်ပွဲသည်လည်း ယနေ့အထိဆက်လက်တိုက်ပွဲပြင်းထန်နေပြီ KIA နှင့် မဟာမိတ်တို့ဘက်မှ တပ်စခန်းအများစုကို သိမ်းဆည်းရမိထားကြောင်းသိရသည်။









Comments