top of page

ခေါင်လန်ဖူးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့မှ Starlink Wifi စက်များ အကြောင်းမဲ့ဖမ်းဆီး

  • Writer: Pajau Media
    Pajau Media
  • Jul 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ ဇူလိုင်၊ ၂၀၂၅။


ခေါင်လန်ဖူးမြို့နယ်တွင် ဇူလိုင်လအတွင်း ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်အဖွဲ့အစည်းမှ Starlink Internet Wifi စက်များကို အကြောင်းမဲ့ စစ်ဆေးဖမ်းစီးနေသည်ဟု ခေါင်လန်ဖူးဒေသခံများက ပြောသည်။


"ခေါင်လန်ဖူးမြို့နယ်ဘက်က Starlink Wifi စက် တပ်ဆင်ထားကြတဲ့ ဆိုင်တွေ၊ ပြည်သူတွေရဲ့စက်တွေ အကုန်လုံး ပြည်သူ့စစ်အဖွဲ့က သိမ်းသွားကြပြီ။ သူတို့နဲ့ စစ်တပ်ပိုင်စက်တွေလောက်ပဲ ဖွင့်ထားကြပြီလေ။ လာသိမ်းတုန်းကလည်း ဘာအကြာင်းပြချက်မှ မပေးဘူး။ အထက်ညွှန်ကြားချက်အရဆိုပြီး သိမ်းသွားကြတာပဲ"ဟု ခေါင်လန်ဖူးမြို့ခံ ဘာသာရေးဆရာတစ်ဦးက ပြောသည်။


ရှိန်းခေါင်ဒေသသို့သွားရာ လမ်းပေါ်ရှိ ဇန်ယော့အုပ်စုမှ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း တပ်ဆင်ထားသည့် ဒေသခံများအခမဲ့သုံးစွဲနေသော Starlink စက်တစ်လုံးကိုလည်း ပြီးခဲ့သည့်အပတ်တွင်း သိမ်းဆည်းသွားသည်ဟု ဆိုသည်။


ထို့အပြင် အခြားဝိုင်ဖိုင်စက်များကိုလည်း အထက်အမိန့်အရလို့ပြောပြီး အကြောင်းမဲ့ သိမ်းဆည်းခံခဲ့ရကြောင်းနှင့် စက်အများစုမှာ ပြည်သူ့စစ်မှ သိမ်းဆည်းသွားသဖြင့် လက်ရှိ စစ်တပ်ပိုင်စက်အနည်းစုသာ ကျန်နေသေးကြောင်း သိရသည်။


ခေါင်လန်ဖူးမြိုနယ်သည် ပူတာအိုခရိုင်၏ သွားလာရေး၊ ဆက်သွယ်ရေး အခက်အခဲဆုံး‌ ဒေသတစ်ခုလည်း ဖြစ်ရာ၊ ခေါင်လန်ဖူးမြို့ အပါအဝင် ကချင်တစ်ပြည်နယ်လုံး ပြီးခဲ့သည့်နှစ် ဇူလိုင်လ၂၁ ရက်နေ့မှစပြီး ဖုန်းနှင့်အင်တာနက်လိုင်းအားလုံး ရုတ်တရက် ဖြတ်တောက်ခံခဲ့ရပြီး၊ ယခုလတွင် တစ်နှစ်ပြည့်နှင့်နေပြီဖြစ်သည်။


ယင်းအချိန်ကတည်းက starlinkဂြိုလ်တုဖြင့် တစ်နာရီ(၂၀၀၀၀)ကျပ်မှစ၍ စတားလင့်အင်တာနက်ဆိုင်များ ဖွင့်လှစ် အသုံးပြုလာကြခြင်း ဖြစ်သည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page