top of page

ခေတ္တပိတ်ထားသည့် မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ခေတ္တပိတ်ထားသည့် မြစ်ကြီးနားလေဆိပ်ကို လေကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်ကို FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ပြီးနောက် လေယာဉ်ခရီးစဉ်များအားလုံး ပိတ်ပင်လိုက်သည်။

မြစ်ကြီးနားလေဆိပ် ခေတ္တပိတ်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မန်းရတနာပုံလေကြောင်းလိုင်းက စတင်ပြေးဆွဲကြောင်း သိရသည်။


စစ်ကော်မရှင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ပူးပေါင်းအဖွဲ့များက မြစ်ကြီးနားမြို့၊ ပမ္ပတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်းကျင်နေရာများသို့ FPV အသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားခဲ့သည်။


သို့သော် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မလုပ်ခဲ့ကြောင်း KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းတွင် တုံ့ပြန်ထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page