top of page

မြစ်ကြီးနားအဝင် ကားလမ်းပိုင်းများ ပိတ်ပင်ခံထားရသောကြောင့် မြစ်ကြီးနားမြို့ပေါ် ကုန်စည်ဈေးနှုန်း မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Feb 17
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကုန်စည်ကားများ အဝင်မရှိခြင်းကြောင့် ကုန်စည်ဈေးနှုန်းနှင့် ကြက်သားဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်နေကြောင်း အိမ်ရှင်အမျိုးသမီးများက ပြောသည်။


ပြီးခဲ့သည့် ဇန္နဝါရီ နောက်ဆုံးအပတ်မှစတင်၍ မန္တလေး- မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကုန်စည်ကားနှင့် ခရီးသည်ကားများကို အင်းတော်နှင့် ရွှေဘိုသွားလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့် တားမြစ်ခဲ့သည်။


အဆိုပါ ကားလမ်းပိတ်ပင်ထားမှုကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် ကုန်စည်အဝင်မရှိဘဲ ကြက်သား၊ ငါး၊ ကုန်စိမ်း၊ လူသုံးကုန်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။


လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ကြက်သား တစ်ပိဿာ (၄၂,၀၀၀)ကျပ်၊ အိမ်ကြက် အစိတ်သားလျှင် (၂၀,၀၀၀)ကျပ်ဖြင့် တစ်ပိဿာ (၈၀,၀၀၀)ကျပ်နီးပါး၊ ငါးတစ်ပိဿာလျှင် (၃၈,၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၃,၀၀၀)ကျပ် စသည်ဖြင့် ကုန်စည်ဈေးနှုန်းများ ယခင်ထက် မြင့်တက်နေသည်ဟု ဆိုသည်။


မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းအား တိုက်ပွဲများကြောင့် စစ်ရေးအရ ပိတ်ပင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားသည့်အပြင် မြစ်ကြီးနား-ကန်ပိုင်တည် သွားလမ်းပိုင်းတွင်လည်း စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ၏ နေ့စဉ်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page