top of page

ချီဖွေဒေသမှ တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Sep 30, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၃၀ရက်၊စက်တင်ဘာ၊၂၀၂၄။



KIA အမှတ်(၇)တပ်မဟာ၊ ချီဖွေဒေသတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။


ယမန်နေ့ စက်တင်ဘာ၂၉ရက် နံနက်၅နာရီအချိန်ခန့်မှစပြီး ကချင်အထူးဒေသ(၁)ဖြစ်သည့် ချီဖွေမြို့နှင့် ဆော့လော်မြို့များတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ချီဖွေဗျူဟာကုန်းနှင့် ချီဖွေရဲစခန်းများအပြင် ဆော့လော်ဗျူဟာကုန်းနှင့် ၄မိုင်အနီးရှိ စုပေါင်းဂိတ်များကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့ကြောင်း သိရသည်။


လက်ရှိ ချီဖွေမြို့ခံ ပြည်သူများမှာ ယမန်နေ့မှစပြီး ဘေးလွှတ်ရာနေရာဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် ဝိုင်းမော်ဘက် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို ဆဒုံးစစ်ဆေးရေးဂိတ်တွင် တားဆီးပိတ်ပင်ထားသောကြောင့် ပြည်သူများ ခက်ခဲနေကြရသည်ဟုလည်း ဒေသခံတစ်ဦးထံမှ သိရသည်။


ချီဖွေဒေသမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး စစ်စခန်းအချို့ကို သိမ်းပိုက်ထားခဲ့သည့်အပြင် ကျန်ရှိနေသေးသည့် စစ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်သောကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း ဒေသသတင်းသတင်းရင်းမြစ်များထံမှ ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page