top of page

ချီဖွေဒေသအတွင်း ဒုတိယအကြိမ် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး၊ လူဦးရေ (၆၀)ကျော် ကုသမှုခံယူ

  • Writer: Pajau Media
    Pajau Media
  • Sep 18
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


ree

ချီဖွေဒေသကို KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် ဒေသအတွင်း KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဦးဆောင်ခြင်းဖြင့် မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်ခဲ့ရာ ဒုတိယအကြိမ် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွင် ဘိန်းသမား လူ(၆၀)ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း KIOသတင်းဌာနက ဖော်ပြထားသည်။


KIOထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ကင်းစင်ရန် လက်ရှိ ဌာနချုပ်မူးယစ်တိုက်ဖျက်ရေး ကော်မတီမှ ဦးဆောင်ကာ တင်းကျပ်စွာ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။


ကချင်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်ကတည်းက တာဝန်ရှိသည့် အစိုးရမှ အုပ်ချုပ်ရေးပိုင်းများကို တာဝန်ယူဖြေရှင်းမှုမရှိသောကြောင့် ဒေသအတွင်း ခိုးဆိုးလုယက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူမှာ ပိုမိုများပြားကာ ပေါ်ပေါ်ထင်ထင် ဖြစ်လာသည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်ဟု ဆိုသည်။


ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူများမှာ လမ်းသွားလမ်းလာ လမ်းမကြီးနှင့် လူသွားလာများပြားသည့် နေရာများထိ လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲ လာကြပြီး၊ အစိုးရက တာဝန်ယူဖြေရှင်းမှု မရှိခဲ့ကြောင်း သိရသည်။


KIOက မူးယစ်ဆေးဝါးကို အမျိုးသားတိုင်းအတွက် ဘုံရန်သူအဖြစ် သတ်မှတ်ကာ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ အမျိုးသားတိုင်း မူးယစ်ကျေးကျွန်မှ လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။


ချီဖွေဒေသအတွင်း မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့မှ စက်တင်ဘာ ၁၇ရက်နေ့အထိ လုပ်ဆောင်ခဲ့ကြပြီး၊ ကုသမှုခံယူခဲ့သူ အများစုမှာ အသက်အရွယ်ရသည့် လူငယ်များသာ ဖြစ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page