top of page

ချီဖွေမြို့၊ မျောမောပါကျေးရွာတွင် တောင်ကျရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများပြားသောကြောင့် အကူအညီများ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • May 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊မေလ၊၂၀၂၄ခုနှစ်။



ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာတွင် ယနေ့ နံနက် ၃နာရီဝန်းကျင်ခန့်က မိုးကြီးပြီး ချောင်းရေမြင့်တက်လာသောကြောင့် တစ်ရွာလုံးနီးပါး ရေကြီးသွားပြီး၊ လူနေအိမ်များ ရေစီးထဲမျောပါသွားသောကြောင့် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။


မျောမောပါကျေးရွာ ဒေသခံအများစုမှာ ချောင်းရေမြင့်တက်လာသည့် အသံကြားရသည်နှင့် တပြိုင်နက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမယ့် နေအိမ်အချို့နှင့် ရေစီးအတွင်း မျောပါသွားသည့် ပစ္စည်းများမှာ မဆယ်ယူနိုင်ခဲ့သည့်အပြင် ရေစီးအတွင်း မျောပါသွားသည့် လူတစ်ချို့ကိုလည်း ကယ်ဆယ်နိုင်ခဲ့ပေမယ့် ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။


မျောမောပါကျေးရွာသည် တောင်ကျချောင်းရေ ရုတ်တရက် လျှံလာခြင်းကြောင့် တစ်ရွာလုံးနီးပါး ရေကြီးကာ ကလေးငယ်တစ်ဦး ရေထဲမျောပါသွားပြီး လူနေအိမ်၁၀လုံးနှင့် တံတားတစ်ခု ပျက်စီးခဲ့ရကြောင်း သိရသည်။


ရေစီးထဲ မျောပါသွားခဲ့သည့် ကလေးငယ်မှာ အသက်၁၀နှစ်ဝန်းကျင် အရွယ်ရှိသည့် မောင်ဆွတ်အောင် ဆိုသူဖြစ်ပြီး ညနေပိုင်းတွင် ပြန်လည်ရှာတွေ့နိုင်ခဲ့သည်ဟု ဆိုသည်။


ထို့ကြောင့် မျောမောပါကျေးရွာဒေသခံများမှာ လက်ရှိအတွင်း တစ်ရွာလုံးနီးပါး မကျန် ရေကြီးကာ ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သောကြောင့် အကူအညီများစွာ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page