ချီဖွေရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပြုပြင်မှုကြောင့် နှစ်ပတ်ကြာ မီးပြတ်မည်
- Pajau Media

- Apr 17
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် မနက်ဖြန် ဧပြီလ (၁၈)ရက်နေ့မှစပြီး လကုန်ထိ လျှပ်စစ်မီး(၁၄)ရက်၊ နှစ်ပတ်ကြာ ပြတ်တောက်မည်ဖြစ်သောကြောင့် ဘတ်ထရီ ကားနှင့် ဆိုင်ကယ် မောင်းနှင်းသူများ စိုးရိမ်နေကြကြောင်း သိရသည်။
ချီဖွေငယ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံရှိ အမှတ်(၁) စက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးကို ၁၄ရက် ပြတ်တောက်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓါတ်အားပေးရုံးမှ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဘတ်ထရီ ဆိုင်ကယ်အသုံးပြုများသည့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ ဒေသခံများမှာ နေ့စဉ်သွားလာ လုပ်ငန်းများဆောင်ရွက်ရာတွင် အဘက်ဘက်မှ ခက်ခဲလာနိုင်သောကြောင့် စိုးရိမ်နေကြသည်။
သို့သော် ကချင်ပြည်နယ် အစိုးရရုံးမှလည်း ယမန်နေ့ ဧပြီ၁၆ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ချီဖွေ ရေအားလျှပ်စစ်စက်ရုံအား ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် ပြည်သူများ ရေ၊ မီး အခက်အခဲဖြစ်ပေါ်မှု လျော့နည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့နောက် ဘူးဂါးလျှပ်စစ်ဓါတ်အားပေးရုံးမှလည်း လျှပ်စစ်ပြတ်တော်ချိန်တွင်း ဖုန်းများအားသွင်းရန်နှင့် power bank များ အားသွင်းနိုင်ရန်အတွက် ဧပြီ၁၈ရက်နေ့မှစ၍ ယုဇနဘူးဂါးလျှပ်စစ်ရုံး၊ မြေမြင့်အရေးပေါ်ဌာန၊ ကဝါးခအရေးပေါ်ဌာန၊ ရှဒေါင်အရေးပေါ်ဌာန၊ စီတာပူဘူးဂါးလျှပ်စစ်ရုံး၊ မန်ခိန်ခွဲရုံနှင့် ဝိုင်းမော်ဘူးဂါးလျှပ်စစ်ရုံးများတွင် မီးစက်များ ထားရှိမည်ဖြစ်သောကြောင့် လျှပ်စစ်ဝန်ဆောင်မှု ရယူနိုင်ကြောင်း ယနေ့တွင် ထပ်မံထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း




Comments