top of page

ငါးမွေးတောင်သူ ကိုယ်စားလှယ်များနှင့် WorldFish and MFF Kachin ရုံး ၀န်ထမ်းများ တွေ့ဆုံ

  • Writer: Pajau Media
    Pajau Media
  • Dec 4, 2023
  • 1 min read

ပါဂျောင်မီဒီယာ (စီးပွားရေးသတင်း)



ree

မြစ်ကြီးနား စီတာပူ မနောကွင်း အနီးရှိ WorldFish ရုံးတွင် WorldFish and MFF (မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်) Kachin ရုံး၀န်ထမ်းများနှင့် ကချင်ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူ ကိုယ် စားလှယ်များ ဒီဇင်ဘာလ ၁ရက်နေ့၌ ၂၀၂၃-၂၀၂၄ခုနှစ် ငါးမွေးမြူရေးအတွက် ကနဦး တွေ့ဆုံဆွေး နွေး ခဲ့ကြောင်း သိရသည်။


“၂၀၁၈ကစလို့ WorldFishနဲ့MFF Kachin တွေ ပူးပေါင်းပြီး ငါးတောင်သူတွေကို၊ ငါးမျိုး၊အစာနဲ့နည်းပညာပံ့ပိုးမှုတွေ လုပ်လာတာအခုဆို ၅နှစ်ထဲရောက်လာပြီ။ တောင်သူတွေအကျိုးရှိတဲ့အတွက် World Fish ကprojectကာလ၅နှစ်သက်တမ်းပြည့်ပေမယ့် နောက်ထပ်၂နှစ်ဆက်ပံ့ပိုးဖို့ရှိတယ်။ သင် တန်း ကို တောင်သူကိုယ်စားလှယ်တွေမပျက် မကွက် ကြိုးစားတက်စေလိုတယ်” ဟု World Fish မှ ပြည်နယ်တာဝန်ခံဆရာယုမောင်က တိုက်တွန်း ပြောဆိုထားပါသည်။


ကိုယ်စားလှယ်များနှင့် တွေ့ဆုံရခြင်းမှာ လာမည့် ဇန္န၀ါရီလတွင် လက်ရှိငါးမွေးတောင်သူတို့အထွက် တိုးငါးမွေးမြူရေးနည်းစနစ်နှင့် မျိုးငါးရွေးချယ်ရာတွင် နည်းလမ်းတကျပြုလုပ်နိုင်ရန် ပညာပေးသင်တန်း ပြုလုပ်ရန်ရှိပြီး၊ ထိုသင်တန်းတွင် ကိုယ်စားလှယ်များ‌ (farmer to farmer) ဦးဆောင်မှုပြုနိုင်ရန်အတွက် ဒီဇင်ဘာ ၁၁၇က်နေ့၌ ကျင်းပပြုလုပ်မည့် ကိုယ်စားလှယ်များအတွက် အကြိုပညာပေးသင်တန်းကို ကောင်းမွန်စွာတက်ရောက်ဖို့ ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း MFF Kachin အလုပ်တာဝန်ခံ ဆရာအောင်နော် ပြောပြ ချက်အရ သိရသည်။


ree

ဆက်လက်ပြီး ဆရာလိုင်နာ‌အောင်မှလည်း World Fish and MFF Kachin တို့ပူးပေါင်းပြီး၊ ငါးတောင်သူများအတွက် ငါးမျိုး၊ အစာနှင့် နည်းပညာ ပံ့ပိုးမှုများမှာ ၂၀၁၈ခုနှစ်မှ စတင်ခဲ့ကာ၊ အထိုက် အလျောက် ပံ့ပိုးကူညီနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားပါသည်။


ဝိုင်းမော်မှ ငါးမွေးတောင်သူ ဦးဟောင်းဟူကို တွေ့ဆုံမေးမြန်းရာ “ကျွန်တော်တို့ကိုစနစ်တကျ ငါးမွေးမြူနိုင်အောင် အသိပညာပေးတဲ့အပြင် ငါးမျိုး၊အစာနဲ့လစဉ်တိုးတက်မှုမှတ်တမ်းတွေနဲ့ စနစ်တကျခေါ်လုပ်တဲ့အတွက် အောင်မြင်ပြီးတွက်ခြေကိုက်ပါတယ်” ဟုပြောသည်။


နည်းပညာပံ့ပိုးမှုများတွင် မျိုးငါးရွေးချယ်ခြင်း၊ ငါးသားဖောက်ခြင်း၊ ငါးစာစပ်ခြင်းနှင့် ထုတ်လုပ်ခြင်း၊ ရေသန့်စင်မှုနှုန်း အနေအထားရွေးချယ်ပြုပြင်ခြင်း၊ သဘာ၀ငါး သြဇာများ ထွန်း‌‌ပေါက်ရေးအတွက် ငါးကန်တွင် ထုံးနှင့် သဘာ၀မြေသြဇာ (နွားချေး)များ ထည်းခြင်းနှင့် စနစ်ကျသော ငါးကန်တူးဖော်ခြင်း စသည့်အကြောင်းအရာများ ပါ၀င်ကြောင်း ၄င်းက ဆက်ပြောသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page