ငလျှင်ဒဏ်ခံနေရသည့် မတ်လ၂၈ရက်နေ့မှစ၍ ဧပြီ ၄ရက်နေ့အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုပေါင်း (၆၄)ကြိမ်အထိပြုလုပ်
- Pajau Media

- Apr 7, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၇ရက်၊ဧပြီလ၊၂၀၂၅။

တစ်နိုင်ငံလုံး ငလျှင်ဒဏ်ခံနေရသည့် မတ်လ၂၈ရက်နေ့မှစပြီး ဧပြီ ၄ရက်နေ့အထိ (၁)ပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုပေါင်း (၆၄)ကြိမ် ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထုတ်ပြန်ထားသည်။
နေရာဒေသ(၁၁)ခုအထိကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၈)ကြိမ် ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းထဲတွင် (၁၁)ကြိမ်အထိ အများဆုံးတိုက်ခိုက်ခဲ့ပြီး၊ ကချင်ပြည်နယ်မှာတော့ (၅)ကြိမ်အထိ တိုက်ခိုက်ခဲ့သည်။ သို့သော် မြေပြင်အခြေအနေအရ ယခုထက်လည်း ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ (၆၁)ဦးနှင့် ဒဏ်ရာရရှိသူ (၄၉)ဦးရှိကာ ကချင်ပြည်နယ်ထဲမှာတော့ သေဆုံးသူ(၃၈)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၉)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုပေါင်း (၁၅)ကြိမ်ပြုလုပ်ခဲ့ပြီး၊ သေဆုံးသူ(၇)ဦးအပြင် ဒဏ်ရာရရှိသူ (၁၇)ဦးအထိ ရှိခဲ့သည်။
စစ်ကောင်စီက ဧပြီလ ၂ရက်နေ့မှစပြီး ၂၂ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာလအဖြစ် ကြေငြာချက်ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်လုပ်ဆောင်နေခဲ့ပြီး၊ ကချင်ပြည်ပြည်နယ်ရှိ အချို့ဒေသများတွင် စစ်ကြောင်းထိုးလှုပ်ရှားမှုများပါ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။
သတင်း - ဇော်




Comments