top of page

ငလျင်ဘေးသင့်နေချိန်ပင် စစ်ကောင်စီမှ မိုးညှင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် အရပ်သားပြည်သူ ၃၀ ကျော်ထိခိုက်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Apr 1, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁ရက်၊ဧပြီလ၊၂၀၂၅။



စစ်ကောင်စီတပ်ဖွဲ့များမှာ တစ်နိုင်ငံလုံးနီးပါး ငလျင်ဒဏ်ခံနေရချိန် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ KIA အမှတ်(၈)တပ်မဟာ၊ အမှတ်(၅)တပ်ရင်း ဒေသသို့ ယမန်နေ့ မတ်လ၃၁ရက်နေ့ ညနေပိုင်း၅နာရီဝန်းကျင်၌ တိုက်လေယာဉ်ဖြင့် ဗုံးဆက်တိုက်ကြဲချခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“၃၁ရက် ညနေပိုင်း ၅နာရီ ဝန်းကျင်လောက်မှာ ဟုတ်တယ်၊ တိုက်လေယဥ်နဲ့ လာပစ်သွားတာ၊ ထိခိုက်သေဆုံးမှုကို တိကျတော့မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်တပ်က ဂေါင်ဂွေချောင်း (Gau Gwi Hka)အနီးရှိ အမှတ်(၅)တပ်ရင်းနယ်မြေတွင် ဗုံးလာကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လူထိခိုက်သေဆုံးမှုကိုတော့ ဖုန်း၊အင်တာနက်အဆက်အသွယ် အခက်အခဲကြောင့် အတိအကျမသိရပေမယ့် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။


ထို့အပြင် ဖားကန့်-လီဒိုလမ်း လဝါးကျေးရွာတွင် နေရာယူတပ်စွဲထားသည့် စစ်ကောင်စီလက်အောက် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များကို မတ်လ၃၁ရက် နံနက်ပိုင်း၅နာရီ၃၀မိနစ်အချိန်မှစပြီး KIAတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ ပှုးပေါင်းတပ်ဖွဲဘက်က ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။





ထို့အပြင် ယနေ့ ဧပြီလဆန်းတစ်ရက်နေ့တွင်လည်း ဝိုင်းမော်-လမြန်ကျေးရွာတစ်ဝိုက်ကို စစ်တပ်က ဒရုန်းနှင့် ၅ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဆိုသည်။


ပြည်တွင်းငလျှင်ဖြစ်ပြီးနောက် ကချင်ပြည်နယ်တွင် ပြင်းထန်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့များမှာ ဗန်းမော်မြို့အပါအဝင် လဝါး၊ဝိုင်းမော်-လမြန်နှင့် အခြားတိုက်ပွဲမရှိသည့် ဒေသများတွင် လေကြောင်းဗုံးကြဲမှု နေ့စဉ်ရှိခဲ့ကြောင်း သိရသည်။


“ ငလျင်ဘယ်‌လောက်ဖြစ်ဖြစ် စစ်တပ်ကတော့ ‌လေယာဉ်ဗုံး အဆက်မပြတ်လိုက်ကြဲနေတယ် လိုက်တိုက်ခိုက်နေတုန်းဘဲ။ မ‌နေ့က လဝါးကနေ မြစ်ကြီးနားဘက်ကို စစ်ရှောင်ဖို့ ပြင်ဆင်နေတဲ့ချိန် လက်နတ်ကြီးကြောင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးရတယ်”ဟု သေဆုံးသူမိသားစုမှ သိရသည်။


လက်ရှိမြန်မာနိုင်ငံတွင် ငလျှင်ဘေးဒဏ် အပြင်းအထန်ခံနေရချိန် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ နေ့စဉ်ရှိနေသလို မြေပြင်မှာလည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေဆဲ ဖြစ်သည်။


တစ်ဖက်တွင်လည်း ပြည်တွင်းဖြစ်ပွားနေသော လက်ရှိလျှင်အ‌ခြေအနေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ အပစ်ခတ် ခေတ်တရပ်နားရန် ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်များသည် လေကြောင်းကိုအသုံးပြုကာ ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။


သတင်း - ဖရိန်း၊ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page