ငလျင်ဘေးသင့်နှင့် စစ်ဘေးသင့် ပြည်သူများအတွက် လိုင်ဇာလူငယ်များ အလှူငွေကောက်ခံနေ
- Pajau Media

- Apr 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ဧပြီလ၊၂၀၂၅။

တရုတ်နယ်စပ်ဒေသ၊ လိုင်ဇာမြို့ရှိ လူငယ်များမှာ စစ်ဘေးသင့်ပြည်သူများနှင့် ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီနိုင်ရန် သီချင်းဆိုခြင်းဖြင့် အလှူငွေကောက်ခံခြင်း အစီအစဉ်များ ပြုလုပ်နေကြောင်း လိုင်ဇာလူငယ်တစ်ဦးမှ ပြောပြသည်။
မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် မြန်မာပြည်အောက်ပိုင်းရှိ ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီနိုင်ရန်နှင့် စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကချင်ဒေသမှ စစ်ရှောင်များအတွက် ကူညီလှူဒါန်းနိုင်ရန် လိုင်ဇာမြို့ရှိ လူငယ်များစုပေါင်းကာ အစီအစဉ်ပြုလုပ် အလှူငွေကောက်ခံနေခြင်း ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ အစီအစဉ်ကို ဧပြီလ၂ရက်နေ့ ညကတည်းကစပြီး လိုင်ဇာလူငယ်များက ညဈေးတန်းလျားနေရာများတွင် သီချင်းဆိုကာ အလှူငွေကောက်ခံနေခြင်းဖြစ်ပြီး၊ ဘယ်အချိန်ထိ အစီအစဉ်အား ကျင်းပပြုလုပ်သွားမည်ကိုတော့ အခြေအနေပေါ် မူတည်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - လိုင်ဇာ










Comments