စီတာပူ မနောကွင်းမှ မနောင်တိုင်ကို ပြုပြုင်ကာ မွမ်းမံပြင်ဆင်နေ.
- Pajau Media

- Apr 12, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ကချင်တစ်မျိုးသားလုံး၏ အထွတ်အထိပ်တန်ဖိုးထားသည့် မနောင်တိုင်ကို ပြုပြင်ကာ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
"အခုက မနောင်တိုင်ကို ဆေးပြန်ဆိုးပြီး လိုအပ်တဲ့နေရာတွေ ပြုပြင်နေတာဟုတ်တယ်။ ဆေးဆိုးတာကတော့ တစ်လကျော်လောက်တော့ ကြာအုံးမယ်ထင်တယ်။ ပရောဂျက်ကတော့ ၃လလို့ကြားတယ် တစ်ခြားဘာတွေလုပ်ဖို့ ရှိသေးလဲတော့မသိဘူး" ဟု မနောင်ကွင်းအနီးတွင် နေထိုင်သူတစ်ဦး ပြောကြားချက်အရ သိရသည်။
ထို့အပြင် မနောကွင်းဝင်ကြေးကိုလည်း ၁.၉.၂၀၂၃ မှစတင်ကာလူတစ်ဦးလျှင် ၅၀၀ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ၅၀၀ကျပ်နှင့် ကားတစ်စီးတွင်လည်း ၁၀၀၀ကျပ်ဟု သတ်မှတ်ကာ ကင်မရာသယ်ဆောင်လာလျှင် ၂၀၀၀၀ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
သတင်း- ဒေဝ




















Comments