top of page

စီတာပူရပ်ကွက်တွင် နေ့ခင်းဘက် ကားနှစ်စီးဖြင့် လူငယ်များ ဖမ်းဆီးခေါ်ဆောင်ခံရ

  • Writer: Pajau Media
    Pajau Media
  • Aug 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊ ဩဂုတ်၊ ၂၀၂၅။


မြစ်ကြီးနားမြို့၊ စီတာပူရက်ကွက်(၅)တွင် နေ့ခင်းနေ့လည်(၁၂)ခွဲဝန်းကျင်က အသက်နှစ်ဆယ်ကျော်အရွယ်ရှိသည့် လူငယ်များကို ကားနှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရသည်။


“ကားနှစ်စီးနဲ့ ယောက်ျားလေးတွေ အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲရှိမယ်၊ နှစ်ဆယ်တောင်မပြည့်လောက်တဲ့ သူတွေလည်းပါတယ်။ အဲလူတွေကို ဖမ်းသွားတာ၊ ဘယ်ဘက်ကလည်းတော့ မသိဘူး၊” ဟု အထက်ပါ အမျိုးသမီးက ပြောပြသည်။


ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် ထွက်ပြေးနိုင်လျှင် ထွက်ပြေးဟုဆိုကာ ရိုက်နှက်မှုများ လုပ်ဆောင်ကာ ခေါ်ဆောင်သွားကြောင်း သိရသည်။


ဖမ်းဆီးသည့်အဖွဲ့မှာ မည်သည်အဖွဲ့အစည်းမှ ဖမ်းဆီးသွားသည်ကို မသိရကြောင်းနှင့် အရပ်ဝတ်၊ ကားနှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။


ထို့အပြင် နေ့လည် ၁နာရီဝန်းကျင်ခန့်တွင်လည်း ကားနှစ်စီးဖြင့် စီတာပူ၊ မနောကွင်းရှိ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဖေ့စ်ဘုတ်စာမျက်နာတွင် တွေ့ရသည်။ နေ့ခင်းကြောင်တောင် မနောကွင်းသို့ လာရောက်လည်ပတ်နေသည့် အမျိုးသမီး ၃ဦးမှ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာကာ၊ တစ်ဦးမှာ ရိုက်နှက်ခေါ်ဆောင်ခံရကြောင်း ဖော်ပြထားသည်။


သတင်း - ဇော်

Photo credit to Owner


Comments


Pajau Media

Thanks for subscribing!

bottom of page