top of page

တစ်လကျော်ပိတ်ထားသည့် မြစ်ကြီးနားလေကြောင်းလိုင်း ပြန်ဖွင့်

  • Writer: Pajau Media
    Pajau Media
  • 11 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ ဧပြီလ၊ ၂၀၂၆။


မြစ်ကြီးနားလေဆိပ် ပိတ်ထားတာ တစ်လကျော်ကြာပြီးနောက် လေကြောင်းခရီးစဉ်များအားလုံး ပြန်လည်ဖွင့်လှစ်မည်ဟု လေယာဥ်လက်မှတ်အရောင်းဆိုင်များထံမှ သိရသည်။


မြစ်ကြီးနားလေဆိပ် ပြည်လည်ပြေးဆွဲမည်ဆိုသော်လည်း ဧပြီလ ၄၊ ၅၊၇၊ ၈ ရက်တို့တွင်သာ မြစ်ကြီးနား-ရန်ကုန်၊ မြစ်ကြီးနား-မန္တလေး လမ်းကြောင်း ပြန်လည်ပြေးဆွဲသေးမည်ဟု လေယာဥ်လက်မှတ်အရောင်းဆိုင်ထံမှ သိရသည်။


“၄ရက်နေ့က Air Thanlwinရှိတယ်၊ ၇ ရက်နေ့ကတော့ MAI လိုင်းရှိတယ်။ ၅ရက်နဲ့ ၈ ရက်တွေမှာတော့(MNA) ပြေးဆွဲမယ်။ ခုံတွေတော့ အကုန်ပြည့်သွားပြီ။ ခုတော့ ဒီရက်တွေပဲ ရှိသေးတယ် နောက်ဘယ်ရက်တွေ ထပ်ရမလဲတော့မသိသေးဘူး။” ဟု ထိုသူကပြောသည်။


မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)၊ အပြင် Air KBZ (KBZ Airlines)နှင့် Air Thanlwin လေကြောင်းလိုင်းများလည်း ပြေးဆွဲမည်ဖြစ်ပြီး လေယာဥ်လက်မှတ်ဈေးလည်း မြစ်ကြီးနား-ရန်ကုန် ကို ၉ သိန်းကျော်နှင့် မန္တလေး-မြစ်ကြီးနားကို ၇ သိန်းကျော် ထိရှိနေကြောင်း သိရသည်။


မြစ်ကြီးနားလေဆိပ်နှင့် ပူတာအို လေဆိပ်များအပါအဝင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောနေရာများကို မတ်လ ၂၅ ရက်နေ့မှစပြီး ပြန်လည်ပြေးဆွဲရမည်ဟု စစ်ကော်မရှင်၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော်လည်း ဧပြီလ ၄ ရက်နေ့မှ မြစ်ကြီးနား-ရန်ကုန် တစ်ခုတည်းပြေးဆွဲမည်ဟု သိရသည်။


လေကြောင်းလိုင်းပိတ်ထားခြင်းကြောင့် ခရီးသွားရာတွင် ကားလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရပြီး၊ လမ်းခရီးကြန့်ကြားခြင်း၊ လမ်းတွင်း စစ်ဆေးရေးတင်းကြပ်ခြင်း၊ စုဆောင်းရေးများရှိသောကြောင့် အဆင်ပြေမပြေဖြစ်ကာ လေကြောင်းလိုင်း အမြန်ဖွင့်စေလိုကြောင်း ပြည်သူများက တောင်းဆိုသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page