top of page

စီတာပူရပ်ကွက်ရှိ ငွေလွှဲငွေထုတ်ဆိုင်တစ်ခု၏ ပိုင်ရှင်အမျိုးသမီးတစ်ဦးငွေလိမ်လည်ကာထွက်ပြေး

  • Writer: Pajau Media
    Pajau Media
  • Feb 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ “မြတ်”ငွေလွှဲငွေထုတ် ဝန်ဆောင်မှုဆိုင်ရှင်သည် ဖေဖော်ဝါရီ ၄ရက်နေ့တွင် ငွေသားအမြောက်အများ လိမ်လည်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ငွေလိမ်ခံရသူများထံမှ သိရသည်။


“အဲ့တာက ၄ရက်နေ့မှာ သူမရှိတော့ဘူး၊ ကျွန်တော်သွားထုတ်တဲ့နေ့က ငွေသား မရှိတော့ဘူးတဲ့ ငွေကြိုလွဲပြီး နောက်နေ့မှ ထုတ်ပါပြောလို့ နောက်နေ့လာလိုက်တာ၊ သူမရှိတော့ဘူး။ မနက်အစောကြီး ဆိုင်ကယ်နဲ့ ထွက်သွားပြီတဲ့၊ ကျွန်တော်လည်း ပုံမှန်ထုတ်နေကျမို့ ယုံလိုက်တာ။” ဟု ငွေလိမ်ခံရသူတစ်ဦးက ပြောသည်။


ငွေလွှဲငွေထုတ် ဝန်ဆောင်မှုလုပ်ပေးသည့် ဆိုင်ရှင်မှာ ငွေလွှဲငွေထုတ်ရန် လာကြသူများကို ငွေသားမရှိတော့သဖြင့် ငွေကြိုလွှဲခိုင်းထားပြီး ငွေသားကိုတော့ နောက်နေ့မှ လာထုတ်ရန် ပြောဆိုကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရသည်။


ငွေလိမ်ခံရသူများ ပြောပြချက်အရ ဆိုင်ရှင်မှာ အမျိုးသမီးဖြစ်ပြီး၊ ငွေလွှဲငွေထုတ်ရန် လာကြသူများကို ငွေကြိုလွှဲခိုင်းခြင်းဖြင့် လိမ်လည်ခံရခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ လိမ်လည်ခံရသူများလည်း များစွာရှိနိုင်ကြောင်း ဆိုသည်။


“အလိမ်ခံရတာ ကျွန်တော်သိသာတောင် စုစုပေါင်း ၅ယောက်ရှိတယ်။ တစ်ယောက်က ၁၀၄သိန်း၊ ၁၅၀သိန်း၊ ပြီးရင် ၁၀ သိန်း၊ ၅၅သိန်း၊ ကျွန်တော့ဟာက သိန်း၃၀၊ သိန်း၈၀ နဲ့ နောက်ထပ် ဘယ်နှစ်ယောက်ရှိလည်းမသိဘူး” ဟု အထက်ပါလိမ်ခံရသူက ဆက်ပြောသည်။


ငွေလိမ်ခံရတာ သိသိခြင်း ဆက်သွယ်မေးမြန်းကြည့်ရာ ငွေလိမ်ထွက်ပြေးသူမှာ မိသားစုအခက်အခဲကြောင့် ယခုလိုလုပ်ရခြင်းဖြစ်သဖြင့် ချေးထားသလို သဘောထားစေချင်ကြောင်းနှင့် တစ်ချိန်ချိန် ပြန်လည်ပေးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။


အဆိုပါ ငွေလိမ်လည်ထွက်ပြေးသူ အမျိူးသမီးမှာ ယခင်ကလည်း ငွေသားရာချီ လိမ်လည်ဖူးကာ အိမ်ခြံရောင်း၍ ပြန်ဆက်ခဲ့ဖူးကြောင်း ထပ်မံသိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page