top of page

စက်သုံးဆီဆိုင်အချို့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချသောကြောင့် ဆီဈေးနှုန်းများပြန်လည်ကျဆင်း

  • Writer: Pajau Media
    Pajau Media
  • Jul 9, 2024
  • 1 min read

Updated: Jul 24, 2024

ပါဂျောင်မီဒီယာ

၉ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ရေလျှံမှု ဖြစ်ပွားပြီးနောက် စက်သုံးဆီပန့်ဆိုင် အားလုံးနီးပါး အရောင်းပိတ်လိုက်သောကြောင့် ဆီဝယ်ယူရန် အခက်အခဲဖြစ်ပြီး၊ ဆီလုံလောက်မှုမရှိဘဲ ဈေးမြင့်တက်မှုများကိုကြုံတွေ့ခဲ့ရသည်။


"အဓိက ဝယ်ရောင်းတွေကြောင့်လဲပါတာပေါ့။ ဘယ်ဆိုင် ဆီရောင်းပြီဆိုတာနဲ့ သူတို့ပြန်ရောင်းမဲ့သူတွေ တန်းစီနေကြပြီ။ အဲ့ကျတော့ တကယ်သုံးဖို့ လိုအပ်တဲ့သူတွေက ဝယ်မရတော့ဘူး။ ဆီဆိုင်တွေကလဲ ကြိုက်တဲ့ဈေးနဲ့ ရောင်းလို့ရသွားတာပေါ့။ အဲ့ဝယ်ရောင်းလုပ်တဲ့သူတွေက ထပ်အမြတ်တင်ရောင်းတော့ ပြည်သူတွေပဲ ခံတာပေါ့ဗျာ" ဟု မြစ်ရေလျှံချိန်တွင် ကြုံတွေ့ခဲ့ရသည့်မြို့ခံပြည်သူတစ်ဦးက ဆိုသည်။


မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ဇွန်လကတည်းက တရုတ်နယ်စပ် ကန်ပိုင်တည်လမ်းဘက်မှ ဆီကားအဝင် နည်းပါးသွားသောကြောင့် စက်သုံးဆီရှားပါးလာခဲ့ပြီး၊ ဇူလိုင်တစ်ရက်နေ့မှစပြီး မြစ်ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့်လည်း စက်သုံးဆီဆိုင်အများစု ရေနှစ်မြုပ်ကာ အရောင်းပိတ်ထားခဲ့ရသည်။


မြစ်ရေလျှံစဉ်က စက်သုံးဆီဆိုင်ကြီးများတွင်ပင်လျှင် တစ်လီတာ ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး လမ်းဘေးတွင် ရေသန့်ဗူးဖြင့် ရောင်းချနေကြသည့် ဓါတ်ဆီတစ်လီတာမှာတော့ ၁၀၀၀၀ ကျပ် မှ ၁၈၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားခဲ့သည်။


သို့သော်ယခု ဇွန်လ ၉ရက်နေ့မှစတင်ကာ စက်သုံးဆီဆိုင်ကြီးအချို့တွင် ၄၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိ ဈေးနှုန်းလျှော့ကျသွားကြောင်းသိရသည်။


ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်း ပုံမှန်နှုန်းထားပြန်မရောက်နိုင်ခြင်းမှာ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်ဂိတ်နှင့် ကချင်-စစ်ကိုင်းအစပ် နန့်စီးအောင်ဂိတ်တို့တွင် ဆီဘောက်ဆာကားများကို ဖြတ်သန်းခွင့် မပြုဘဲ ဆီကားများ ရာချီပိတ်မိနေသောကြောင့် ဖြစ်သည်ဟု ဆီကုန်သည်တစ်ဦးထံမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page