top of page

စက်သုံးဆီဈေးနှုန်း ဆက်လက်မြင့်တက်

  • Writer: Pajau Media
    Pajau Media
  • Apr 10
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဧပြီ၊၂၀၂၆။


မြန်မာနိုင်ငံတွင် စံချိန်တင်မြင့်တက်နေသည့် စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။


ယခုတစ်ပတ် စစ်‌ကောင်စီ ရည်ညွှန်းဈေးသတ်မှတ်ချက်အရ စက်သုံးဆီဈေးမှာ 92 ဓာတ်ဆီအမျိုးအစား တစ်လီတာ ၄,၇၃၅ ကျပ်၊ 95 တစ်လီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၆,၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၇,၇၅၅ ကျပ် အထိရောက်ရှိနေပြီဖြစ်သည်။


သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတွင်မူ လမ်းပန်းဆက်သွယ်ရေး အခတ်အခဲများကြောင့် ဓာတ်ဆီအမျိုးအစားအတိုင်း တစ်လီတာ တွင် ကျပ် ၁၀,၀၀၀ ကျော်ထိရှိနေကြောင်း သိရသည်။


အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေးအခြေနေများကြောင့် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။


ကချင်ပြည်နယ်၊ မြစ်ကြီနားနှင့် ဝိုင်းမော်မြို့တွင် ၉၂ / ၉၅ ဆီအမျိုးအစား တစ်လီတာလျှင် ၁၃,၀၀၀ကျပ်နှင့် ၁၅,၀၀၀ကျပ်ကြား ရှိ နေသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page