နန့်ယားကျေးရွာအနီး ပြည်သူနှစ်ဦး မြေမြုပ်မှိုင်း နင်းမိကာ ဒဏ်ရာရ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊မတ်လ၊၂၀၂၆။

စစ်ရှောင်နေရာမှ မိမိနေရပ်ရင်း ကျေးရွာသို့ ပြန်လာသည့် ပြည်သူနှစ်ဦး ဖားကန့်၊ နန့်ယားကျေးရွာအနီး မြေမြုပ်မှိုင်း နင်းမိပေါက်ကွဲသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြေမြုပ်မှိုင်း နင်းမိပေါက်ကွဲခဲ့ရသူမှာ နန့်ယားကျေးရွာ ရပ်ကွက်(၃)မှ အသက်၅၀နှစ်အရွယ် ဒေါ် မခေါန်လုနှင့် အသက်၁၀နှစ်အရွယ် သားဖြစ်သူတို့ နှစ်ဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ၈ရက်နေ့ နေ့လည် ၁နာရီ၃၀မိနစ်ချိန်ခန့်က သားအမိစစ်ရှောင်နေသည့် လယ်ကွင်းမှ ကျေးရွာဆီသို့ နေအိမ်ခေတ္တလာကြည့်ပြီး အပြန်လမ်းတွင် စစ်ကော်မရှင်များ ထောင်ထားသည့် မြေမြုပ်မှိုင်း နင်းမိပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေမြုပ်မှိုင်း နင်းမိသောကြောင့် အမေဖြစ်သူမှာ ပေါင်နားထိခိုက်ပြီး၊ သားဖြစ်သူမှာ ခြေတလုံးနား ကျည်စထိမှန် ထိခိုက်ခံခဲ့ရကြောင်းနှင့် လက်ရှိတွင် လုံခြုံသည့် နေရာတွင် ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။
ဖားကန့်လမ်းတလျှောက်ရှိ ဒေသခံပြည်သူများမှာ တိုက်ပွဲများကြောင့် နီးစပ်ရာနေရာ ဒေသများတွင် စစ်ရှောင်နေထိုင်ရပြီး၊ အချို့မှာ ကိုယ်ထူကိုယ်ထ တောတောင်၊ လယ်ယာ ဒေသများတွင်သာ နေထိုင်ကြသူများလည်း ရှိသည်။
သတင်း - ထုဆိုင်း




Comments