ဆီအလုံအလောက်ရှိပြီး၊ ဈေးတင်မရောင်းရန် ကချင်ဝန်ကြီးချုပ် ပြောဆိုထား
- Pajau Media

- 2 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊မတ်လ၊၂၀၂၆။

ကချင်ပြည်နယ်တွင် စက်သုံးဆီလုံလောက်ကြောင်းနှင့် စက်သုံးဆီများကို ဈေးမတရားတင်ပြီး မရောင်းချကြရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ပြောဆိုထားသည်။
ကချင်ပြည်နယ်တွင် 92 ၁၅၀,၀၀၀ ဂါလန်၊ PHSD(ပရီမီယံဒီဇယ်) - ၄၅၈,၈၂၀ ဂါလန်နှင့် သံပုရာကန်ဆီ ၁၁၃,၁၅၀ ဂါလန် ဝင်ရောက်ဖို့ရှိကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ပြောခဲ့သည်။
ထို့ကြောင့် စက်သုံးဆီများကို ဈေးနှုန်းမြင့်တင်ပြီး လုံးဝမရောင်းချကြရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
စက်သုံးဆီများ ဈေးတင်ရောင်းချခြင်းကို အရေးယူမည်ဟု ပြောကြားထားသော်လည်း လက်ရှိချိန်ထိ စက်သုံးဆီများကို ဈေးပြန်လည်ကျဆင်းခြင်းမရှိသေးဘဲ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဆီဆိုင်များတွင် 92 ဆီအမျိုးအစား တစ်လီတာကို ၉၀၀၀ ကျော်ဖြင့် ရောင်းချနေသေးကြောင်း မြစ်ကြီးနား ဒေသခံများထံမှ သိရသည်။
သတင်း-ဖရိန်း




Comments