top of page

စက်သုံးဆီ အရောင်းဆိုင်များ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေ

  • Writer: Pajau Media
    Pajau Media
  • Nov 21, 2023
  • 1 min read

ပါဂျောင်မီဒီယာ။



နိုင်၀င်ဘာ ၁၈ရက်နေ့မှစတင်ကာ ၀ိုင်းမော်မြို့အတွင်း ဆိုင်ကယ်တစ်စီးလျှင် တစ်လီသာနှုန်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး၊ အချိန် ပိုင်း နေ့တစ်၀က်သာလျှင် ဖွင့်လှစ်ရောင်းချပေးနေသည် ဟု ၀ိုင်းမော်ဒေသခံ အမျိုးသား တစ်ဦးထံမှ သိရသည်။


စက်သုံးဆီ တစ်လီတာလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး၊ လူတစ်ဦးလျှင် ၃၀၀၀ကျပ်နှုန်းသာ ရောင်းချပေးနိုင်သည်ဟု ပြောဆိုကြောင်း ဒေသခံများက ပြောသည်။


“လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဟုတ်တယ်။ ဒီလိုပဲ ရောင်းပေးနေတာ။ စျေးနှုန်းက အများကြီးမတက်သွားပေမယ့် ကိုယ်လိုချင်သလောက် မရနိုင်တော့ဘူးလေ။ တစ်ယောက်ကို တစ်လီတာနှုန်းပဲ သတ်မှတ်ပြီး ရောင်းပေးနေကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


လက်ရှိ ၀ိုင်းမော်ြမို့အတွင်း ဇေယျာမင်းဆီဆိုင်၊ KING ဆီဆိုင်နှင့် TOP ဆီဆိုင် ဆိုင်ကြီး သုံးခုသာ ဖွင့်လှစ်ရောင်းချပေးနေပြီး၊ ၀ိုင်းမော်ြမို့အပြင်ဘက်၌ ဧရာ၀ဏ်ဆီဆိုင်တစ်ခု၌သာ ရရှိနိုင်တော့သည်ဟု ပြောသည်။


ဆီဆိုင်အများအပြား ပိတ်ပြီး ယခုကဲ့သို့ ရောင်းချပေးနေမှုကြောင့် ဒေသခံများမှာ လိုသလောက်မရဘဲ အကန့်အသတ်ဖြင့်သာ ရရှိနိုင်ပြီး၊ အလုအယက် တန်းစီ၀ယ်ယူ နေရသည်ဟု ဆိုသည်။


ထို့နည်းတူ ယမန်နေ့မှစတင်ကာ မြစ်ကြီးနားမြို့အတွင်းလည်း၊ ဆီပြတ်လတ်မှုများရှိလာပြီး၊ တစ်မြို့လုံးနီးပါး ဆီဆိုင်များ ပိတ်သိမ်းထားသည်ဟု ဆိုသည်။


တပ်ကုန်းရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက

“ဒီမနက်ဆီထည့်မယ်ဆိုပြီး ဆီလိုက်ရှာတာ၊ မရှိဘူးတဲ့။ နောင်နန့်ဘက်လည်း သွားရအုံးမယ်ဆိုတော့ ဆီဆိုင်တွေ လိုက်ရှာတယ် မတွေ့ဘူး၊ နောက်ဆုံး ဇေယျာမင်းဆီဆိုင်မှာမှ ထည့်ယူနိုင်တယ်၊ ဒါတောင် ၃၀၀၀ ဖိုးပဲ ရောင်းပေးတယ်၊ ကျမက ခရီးဆက်သွားရအုံးမယ်ဆိုတော့ ၃၀၀၀က မလောက်ဘူးလေ၊ ဆိုတော့ တစ်ခြားဆိုင် ပြန်ပတ်ရှာပြီး ထည့်ယူတာ၊ ဆီတွေလည်း ၉၂ ၉၅ ရောပြီး ထည့်လိုက်တာပဲ။ ခုမှ ခရီးဆက်သွားနိုင်တော့တယ်” ဟု ပြောသည်။


မြစ်ကြီးနားမြို့အတွင်း ယခုလက်ရှိ စက်သုံးဆီပြတ်လတ်မှုတို့ကြောင့် ဒေသခံများမှာ အဖက်ဖက်မှ အခက် အခဲများ ကြုံလာရကြောင်းနှင့် စက်သုံးဆီ လိုသလောက်မရရှိပဲ၊ လိုရာခရီးမရောက်နိုင် ဖြစ်မည်ကိုလည်း စိုးရိမ်နေကြရသည်ဟု ဆိုသည်။


ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်း ဆီပြတ်လတ်မှု ဖြစ်လာရခြင်းမှာ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့များ၏ တိုက်ပွဲ အခြေအနေများ ပြင်းထန်လာသည် နှင့်တစ်ပြိုင်နက် နို၀င်ဘာ ၁၆ရက် ကတည်းက ပိတ်ပင်ထားလိုက်သည့် မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စု လမ်းမကြီး အခြေအနေကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။



Comments


Pajau Media

Thanks for subscribing!

bottom of page