စကစ ရွေးကောက်ပွဲ ကျင်းပခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အခွင့်အလမ်း ဖြစ်စေသည်ဟု WLBပြောဆိုထား
- Pajau Media

- 33 minutes ago
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲကို တော်လှန်ရေးတပ်ပေါင်းစုများ ကန့်ကွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှလည်း ရွေးကောက်ပွဲကျင်းပခြင်းမှာ မတရားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုလုပ်ကိုင်နိုင်ရန် လမ်းဖွင့်ပေးခြင်းသာ ဖြစ်သည်ဟု ပြောဆိုထားသည်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပကာ တရားဝင်အစိုးရဖြစ်မြောက်အောင် ကြိုးပမ်းနေသော်လည်း တစ်နိုင်ငံလုံး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေသည့်အပြင် လူ့အခွင့်အရေးချိူးဖောက်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB)က ပြောဆိုထားသည်။
WLB ပြောဆိုချက်အရ စစ်ကောင်စီက အမျိုးသမီးအခွင့်အရေးတွင် ပါဝင်လှုပ်ရှားသူများကို ပိုမိုဖမ်းဆီးလာခြင်း၊ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား တားဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်တွင်လည်း မုဒိမ်းမှု၊ ကျား၊မ လိင်ခွဲခြားခြင်း စသည့်ပြစ်မှုများ (၂၀၉)ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ယင်းထဲမှ လွှတ်မြောက်လာသည့် အမျိုးသမီးပေါင်း (၁၂၁၂)ဦးထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် နိုင်ငံတကာမှလည်း စစ်ကောင်စီအား ထောက်ခံထောက်ပံ့မှုများ ရပ်တန့်ပေးရန် လိုအပ်ကြောင်းနှင့် အချိန်မှီမရပ်တန့်နိုင်ပါက ပြည်သူများ ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း WLBက သတိပေးပြောဆိုထားသည်။
သတင်း - ပီလမ့်အူ




Comments