top of page

မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် နေ့ခင်း သူခိုးဖမ်းမိ

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆။


စစ်ကော်မရှင်ထိန်းချုပ်ထားသည့် မြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယှက်မှုများ ပိုမိုဆိုးရွားလာပြီး ရွှေညောင်ပင်ရပ်ကွက်တွင်လည်း ယနေ့ဖေဖော်ဝါရီ ၁၁ ရက် နေ့ခင်း ၁၁ နာရီအချိန် နေအိမ်တွင်း ဝင်ရောက်ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ခံများက ပြောပြသည်။


“မြစ်ကြီးနားမြို့က သူခိုးတွေ အရမ်းဆိုးလာပြီ၊ ဒီနှစ်ပိုင်း ပိုဆိုးလာသလိုပဲ၊ ဒီနေ့လည်း နေ့ခင်းကြီး အိမ်မှာ သူခိုးဝင်တယ်လို့ကြားတယ်၊ ဖမ်းမိလို့ပေါ့။” ဟု မြစ်ကြီးနားနေ အမျိုးသားတစ်ဦး ပြောပြသည်။


ထိုသူခိုးသည် နေ့ခင်း ၁၁ နာရီချိန်ခန့် နေအိမ်အတွင်းသို့ ခိုးရန်ဝင်ရောက်လာချိန် CCTV မှတွေ့သောကြောင့် ဖမ်းဆီးနိုင်ခြင်းဖြစ်ပြီး၊ ရမ်ပူရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟုသိရကာ ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လာခေါ်သွားကြောင်း သိရသည်။


“မြစ်ကြီးနားကတော့ အရမ်းဆိုးလာပြီ၊ အိမ်အပြင်ဘက်၊ မီးလုံး၊ ဖိနပ်အထိ ခိုးတာ၊ အိမ်ထဲဝင်ပြီး တခုခုလုပ်မသွားတာတောင် ကံကောင်း၊ သူခိုးမိပြီး ရဲလက်အပ်ရင်လည်း ခဏလေးနဲ့လွတ်ပြီး ပြန်ခိုးကြမှာပဲ၊ လောင်းကစားဝိုင်းတွေကြောင့်လည်း သူခိုးတွေပေါလာတယ်လို့ ထင်တယ်။” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။


မြစ်ကြီးနားမြို့တွင် နေအိမ်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများအပြင် မီးလုံးများ၊ စီးပြီးသား ဖိနပ်များအထိ အခိုးခံနေရခြင်း ဖြစ်သည်။


ယခုလို ခိုဆိုးလုယှက်မှု များပြားလာခြင်းသည် သက်ဆိုင်ရာ အစိုးရမှ တာဝန်ယူဖြေရှင်းမှု နည်းပါးခြင်း၊ ဒေသတွင်း လောင်းကစားဝိုင်းများ ပေါများလာခြင်းနှင့် စီးပွားရေးအခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page