top of page

တစ်လကျော်အတွင်း ကချင်ပြည်နယ်မှ ပြည်သူ(၁၇)ဦး သေဆုံး

  • Writer: Pajau Media
    Pajau Media
  • 35 minutes ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၆။


စစ်ရေးပြင်းထန်နေသည့် ကချင်ပြည်နယ်အတွင်း ဇန္နဝါရီလ ၁ရက်နေ့မစ၍ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြည်သူ(၁၇)ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၈)ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။


အဆိုပါ သေဆုံးသူများသည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်းနှင့် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၈)ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖေဖော်ဝါရီ ၄ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်တွင် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတွင်ရှိသော ကားဝပ်ရှော့တစ်ခုအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကိုဇင်ကိုဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။


စစ်ရေးပြင်ထန်နေသည့် ဖားကန့်မြို့တွင်လည်း အကြမ်းဖက်စစ်အုပ်စုမှ နေ့စဥ် ပြည်သူများရှိရာသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း ရှိနေသောကြောင့် နေ့စဥ်ဆိုသလို ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page