top of page

စကစက လတ်တလော KIAတပ်မဟာ နေရာအများစုတွင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးပိုမိုလှုပ်ရှားလာ

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဇန္နဝါရီ၊၂၀၂၆။


KIAအမှတ်(၁)တပ်မဟာ၊ အမှတ်(၇)တပ်ရင်းဘက် လတ်တလော စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေကြောင်း သိရသည်။


အမှတ်(၇)တပ်ရင်းဒေသ ပူတာအိုထန်ဂါးစစ်မျက်နှာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား(၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် မချမ်းဘော့ဒေသ ရှိန်ရိုင်ယန်ဘက်ကိုလည်း ကားကြီးများ အပြည့်တင်ကာ စစ်အင်အားဖြည့်တင်းနေဆဲဖြစ်ကြောင်း သိရသည်။


လတ်တလော KIAတပ်မဟာဒေသများတွင် စစ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်နေသည့်အပြင် လက်နက်ကြီး၊ ဒရုန်းဗုံးများလည်း ပုံမှန်ပစ်ခတ်နေသည့်အပြင် KIAအမှတ်(၇)တပ်မဟာဒေသ ခေါင်လန်ဖူးဘက်ကိုလည်း စစ်ရေးတင်းမာနေကြသည်ဟု ဆိုသည်။


KIAအမှတ်(၃၀) တပ်မဟာဒေသ ဗန်းမော်-(၃)မိုင်နှင့် KIAပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် နေရာများတွင် တိုက်ပွဲမှာ နေ့စဉ်ဖြစ်ပွားနေပြီး၊ စကခ(၂၁)၊ ခလရ(၂၃၆)မှလည်း ဒရုန်းဗုံး၊ လက်နက်ကြီးများ ပစ်ခတ်နေဆဲဖြစ်သည်။


ထို့အပြင် KIAအမှတ်(၅)တပ်မဟာဒေသ ဝိုင်းမော်စစ်မျက်နှာဘက်တွင်လည်း လတ်တလော စစ်တပ်မှ စစ်အင်အားဖြည့်တင်းနေသလို ဇန္နဝါရီ၂၀ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့အထိ လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page