top of page

ဦးဂျဲန်ဖန်နော်တောင်က အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌဖြစ်လာ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ မတ်လ၊ ၂၀၂၆။



ယနေ့ မတ်လ ၁၈ရက် နံနက်ပိုင်းကျင်းပခဲ့သည့် တတိယအကြိမ် အမျိူးသားလွတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဦးဂျဲန်ဖန်နော်တောင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်လာပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေး တို့ဖြစ်လာသည်။


ဦးဂျဲန်ဖန်နော်တောင် သည် ကချင်ပြည်နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)ဖြင့် အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိသူဖြစ်သည်။


တတိယအကြိမ် မျိုးသားလွတ်တော် သက်တမ်းအတွက် စုစုပေါင်းကိုယ်စားလှယ်နေရာ ၂၂၄ နေရာရှိပြီး ထိုထဲတွင် ၁၆၈ နေရာကို အထွေထွေရွေးကောက်ပွဲမှ ပြည်သူလူထူက ရွေးကောက်တင်မြောက်ထားပြီး ၂၅ ရာခိုင်နှုန်းဖြစ်သည့် ၅၆ နေရာကို တပ်မတော်မှ ခန့်အပ်ထားသည်။


ကချင်ပြည်နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)ဖြင့် အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် USDPမှ ဝင်ရောက်ယှဥ် ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည့် ဒေါ်ဒွဲဘူသည်လည်း အမျိုးသားလွတ်တော် သဘာပတိ အဖြစ်တင်မြောက်ခံရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page