top of page

ပန်ဝါနယ်စပ်ဂိတ်တွင် အခြေခံစားသောက်ကုန်မှအပ အခြားကုန်များ တင်သွင်းခွင့်မပြုသေး

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊မတ်လ၊၂၀၂၆။


ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ ပန်ဝါ နယ်စပ်ဂိတ်တွင် အခြေခံစားသောက်ကုန်များသာ တင်သွင်းခွင့်ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


လက်ရှိချိန်ထိ ပန်ဝါနယ်စပ်ဂိတ်တွင် စားသုံးကုန်များသာ တင်ယူခွင့်ရှိနေပြီး လူသုံးကုန်ပစ္စည်းများ သယ်ယူခွင့်ကို တရုတ်အစိုးရဘက်က လုံးဝပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။


“ဂိတ်ဖွင့်တော့ဖွင့်ထားပေမဲ့ ဟင်းသီးဟင်းရွက်ဘဲဝင်တယ် တခြားကုန်တွေ တရုတ်ဂိတ်မှာ ခုထိမကျော်ခိုင်းသေးဘူး” ဟု ‌ဒေသခံတစ်ဦးက ဆိုသည်။


ပန်ဝါနယ်စပ်ဂိတ်မှာ ပန်ဝါ‌ဒေသနှင့် ချီဖွေဒေသအတွက် အဓိကလိုအပ်သည့် ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် စက်သုံးဆီများကို အဓိက တင်သွင်းနေသည့် ဂိတ်တစ်ဂိတ်ဖြစ်သည်။


 ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်းတပ်များက ပန်ဝါမြို့ငယ်လေးအပါအဝင် ကချင်အထူးဒေသ ၁ တစ်ခုလုံးကို ပြီးခဲ့သည့် ၂၀၂၄ ခုနစ် နှစ်ကုန်ပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page