မြေစာပုံပြိုကျမှုကြောင့် လုပ်ကွက်အကျင်းသား ၅ဦးထက်မနည်း သေဆုံး
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၈ရက်၊မတ်လ၊၂၀၂၆။

ဖားကန့်မြို့နယ် မှော်ဆီစာရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုကြောင့် လုပ်ကွက်အကျင်းသားသမားများ မြေမြုပ်သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ၁၇ရက် ညနေပိုင်း ၃နာရီ ၃၀မိနစ်အချိန်ခန့်တွင် ဖားကန့်-မှော်ဆီစာရှိ စိန်စိန်ကျင်း ကျောက်စိမ်းလုပ်ကွက်နေရာတွင် မြေစာပုံပြိုကျလာသောကြောင့် လုပ်ကွက်အကျင်းသားသမား ၅ဦးထက်မနည်း မြေပြိုမှုထဲ ပါသွားကြောင်း သိရသည်။
မြေစာပုံပြိုကျမှုထဲ ပါသွားသည့် လုပ်ကွက်အကျင်းသားများကို သက်ဆိုင်သည့် တာဝန်ရှိသူများမှ ကယ်ဆယ်ရေးများ လုပ်ဆောင်နေပြီး၊ မြေပြိုမှုထဲတွင် အားလုံးပေါင်း ဘယ်နဦးထိ ပါသွားကြောင်း အတိအကျ မသိရသေးဘဲ ကယ်ဆယ်ရေး လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
ဖားကန့်ဒေသတွင် နှစ်စဉ်မြေစာပုံပြိုကျမှု ဖြစ်ပွားလျက်ရှိပြီး၊ မကြာခဏ သေဆုံးကြရသလို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း ဖားကန့် ကုဋေမှော် တစ်သုံးလုံးလုပ်ကွက်ထဲ မြေစာပုံပြိုကျမှုဖြစ်ကြောင့် ရေမဆေးသမား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။
သတင်း - ထုဆိုင်း
Photo - Crd




Comments