စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့မှ ပြည်သူများ အရေးကြီးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားကြရန် IRအဖွဲ့ သတိပေး
- Pajau Media

- Apr 22
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အင်းတော်မြို့ကို စစ်ကောင်စီ စစ်ကြောင်းထိုး တိုက်ခိုက်လာနိုင်သည့် သတင်းများကြောင့် ပြည်သူများ အရေးကြီးပစ္စည်းများနှင့် ဆေးဝါး၊ရိက္ခာများ ပြင်ဆင်ထားကြရန် Indaw Revolution ( IR) အဖွဲ့ကအသိပေး ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်များက ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် ကသာမြို့ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အင်းတော်မြို့ဘက်ကိုလည်း တစ်ဆက်တည်း စစ်ကြောင်းထိုးလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုနေကြသည်။
စစ်ကောင်စီက ပြီးခဲ့သည့် မတ်လနောက်ဆုံးအပတ်ကတည်းက စစ်ကိုင်းနှင့်ကချင်အစပ်နေရာများတွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ကသာမြို့နယ်က ရပ်ကွက်နှင့် ကျေးရွာအများစုကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ၎င်းတို့လက်လွတ်ခဲ့ရသည့် စစ်ကိုင်းနှင့် ကချင်အစပ်ကနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်း ဖြစ်သည်။
သတင်း-ဖရိန်း




Comments