top of page

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ရုပ်အလောင်းများအား ယခု(၁)လပြည့်အချိန်ထိ ဆက်လက်ရှာဖွေလျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Apr 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊ဧပြီလ၊၂၀၂၅။




အင်အားပြင်း စစ်ကိုင်းငလျင်ဖြစ်ပွားခဲ့သည်မှာ ဧပြီ၂၈ရက်နေ့တွင် တစ်လပြည့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် အလောင်းများကို ဖော်ထုတ်ဆယ်ယူနေဆဲဖြစ်ကြောင်း သိရသည်။


ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် နေအိမ် ခြောက်သောင်းကျော် (၆၃၈၅၄)ပျက်စီးခဲ့ရပြီး၊ ပြည်သူပေါင်း ၆သိန်း (၆၂၉၂၀၆)ကျော် ငလျင်ဒဏ် ခံစားခဲ့ရကာ၊ အသက်သေဆုံးခဲ့သူ လေးထောင်(၃၇၆၉)နီးပါး၊ ထိခိုက်ဒဏ်ရာရရှိသူ ငါးထောင်ကျော်(၅၁၀၆) နှင့် ပျောက်ဆုံးနေဆဲဖြစ်သည့် လူပေါင်း(၁၀၇)ဦးအထိ ရှိနေသေးကြောင်း စစ်ကောင်စီထုတ်ပြန်ချက်မှ သိရသည်။


ပြည်သူထောင်ချီသေဆုံးပြီး ပျက်စီးဆုံးရှုံးမှု အများဆုံး စစ်ကိုင်းငလျင်ကြီးသည် မတ်လ၂၈ရက် မွန်းလွဲ၁၂နာရီ ၅၀မိနစ်တွင် လှုပ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ၂၈ရက်နေ့တွင် တစ်လအတိ ပြည့်ခဲ့ပြီဖြစ်သည်။ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲ မြေငလျင်များ အကြိမ်ရေ ရာချီလှုပ်ခတ်ခဲ့သေးသည်။


မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံပေါင်း(၂၆)နိုင်ငံမှကူညီထောက်ပံ့မှုများရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငလျင်ကြောင့်ခံစားရသည့် ပြည်သူများကို ကူညီစောင့်ရှောက်ရေးများ ထိရောက်စွာလုပ်ဆောင်ပေးခြင်းများမရှိခဲ့ကြောင်း ငလျင်ဒဏ်သင့်ပြည်သူများမှ သတင်းဌာနများသို့ ပြောကြားထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page