စစ်ကောင်စီက တောင်သူလယ်သမားနေ့တွင် အကျဉ်းသူ၊ အကျဥ်းသား စုစုပေါင်း ၇၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေး
- Pajau Media

- Mar 3
- 1 min read
ပါဂျောင်မီဒီယာ
၃ မတ်လ ၂၀၂၆။

စစ်ကောင်စီက မတ်လ ၂ရက် တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်း အမှတ်အဖြစ် အကြမ်းဖက်ပုဒ်မ များဖြင့် ဖမ်းဆီးထောင်ချထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၇,၀၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂(က) များဖြင့် ထောင်ချထားသည့် အကျဉ်းသူ၊ အကျဉ်းသားတွေ စုစုပေါင်း ၇,၃၃၇ ဦးထဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ ၃ဦ်း နှင့် မိုးညှင်း အကျဉ်းထောင်မှ ၆ ဦးတို့ ပါဝင်လွတ်ငြိမ်းခွင့်ရခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ လွတ်ငြိမ်းမှုထဲတွင် ပုဒ်မ ၅၀ (ည) ၊ပုဒ်မ ၅၂(က) တို့ဖြင့် အမှု ဖွင့်ခံရသူများအတွက် ကြားနာဆဲ အမှု ၉, ၅၃၂ မှုကို ပိတ်သိမ်းပေးလိုက်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
စစ်ကောင်စီက အကျဉ်းသူ၊ အကျဉ်းသား ၇,၀၀၀ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသော်လည်း PPMN ၏ မတ်လ ၂ ရက်နေ့ထိ ထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံ အကျဉ်းထောင် ၃၁ မှ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၃၆၁၃ သာလွတ်ငြိမ်းခွင့်ရသေးကြောင်းထုတ်ပြန်ထားသည်။
သတင်း-ဖရိန်း




Comments