စစ်ကောင်စီက လူသုံးကုန်ပစ္စည်း(၃၅)မျိုးကို ပြည်ပတင်သွင်းခွင့်ပိတ်ပင်
- Pajau Media

- Aug 16, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ ဩဂုတ်၊ ၂၀၂၅။
သွားတိုက်ဆေး၊ သွားတိုက်တံ နှင့် ဆပ်ပြာမှအစ လူသုံးကုန်ပစ္စည်း (၃၅)မျိုးကို စစ်ကောင်စီက ပြည်ပမှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ချက်ကို လူမှုကွန်ရက် စာမျက်နာများတွင် ပြန့်နှံ့လာသည်ကို တွေ့ရသည်။
ပြည်ပမှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် လူသုံးကုန်ပစ္စည်း(၃၅)မျိုးမှာ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာအပြင် ခြေညှပ်ဖိနပ်၊ ဘတ္ထရီ၊ ဆေး၊ အမွှေးတိုင်၊ ဖျာ၊ လက်ကိုင်ဖုန်း၊ ကားတာယာ၊ ဘူဒိုဇာ၊ ဓါတ်လှေကား၊ မီးစက်၊လူကြီးဒိုက်ဘာ၊ အင်ဂျင်ဝိုင်၊ မီးလုံး၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ ဓါတ်ခဲ၊ တာယာ၊ ကျွတ်၊ ပရုတ်လုံး၊ သံပေပါခွံ၊ မီးချောင်း၊ ပလပ်စတစ်ခြင်း၊ ပုံး၊ ခွက်၊ ဘိလပ်မြေတို့ ပါဝင်သည်ကို တွေ့ရသည်။
ထို့အပြင် စားသုံးကုန်ထဲမှာလည်း ခေါက်ဆွဲ၊ကြာဇံ၊ ချိုချဉ်၊ ဘီစကစ်၊ ပဲငံပြာရည်၊ ကော်ဖီစေ့၊ ကော်ဖီမုန့်၊ လက်ဖက်ခြောက်၊ သစ်သီးမျိုးစုံ၊ ငှက်သိုက်၊ တစ်ရှူး၊ ကြက်အူချောင်းနှင့် အသင့်သောက်နို့ချဉ်၊ ဒိန်ချဉ်တို့ ပါဝင်သည်ကို တွေ့ရသည်။
နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးအတွက် နိုင်ငံခြားမှ သွင်းကုန်ပစ္စည်းများကို လျှော့ချပိတ်ပင်လားခြင်းဖြစ်ပြီး၊ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ အဆိုပါ လူသုံးကုန်ပစ္စည်းများကို မည်သည့်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို မဖော်ပြထားပါဘူး။
ပြီးခဲ့သည့် ဩဂုတ်လ ၁ရက်နေ့က စစ်ကောင်စီ ဖျက်သိမ်းခဲ့သည့် ကော်မတီနှင့် ကော်မရှင် (၁၉၄)ခုတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီလည်း ပါဝင်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း








Comments