top of page

အင်းတော်ကြီးဒေသရှိ စစ်ရှောင်နေအိမ်များ ပစ္စည်းလုယူခံနေရ

  • Writer: Pajau Media
    Pajau Media
  • Jan 26
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ဇန္နဝါရီ၊၂၀၂၆။


တိုက်ပွဲကြောင့် စစ်ပြေးတိမ်းရှောင်နေသည့် အင်းတော်ကြီးဒေသ ဟဲပါးကျေးရွာမှ ပြည်သူများ၏ အဖိုးတန်ပစ္စည်းများကို ရှမ်းနီပြည်သူ့စစ် တပ်ဖွဲ့များက လုယူဖျက်စီး သုံးစွဲနေကြောင်း ဒေသခံများထံမှ သိရသည်။


ယင်းကျေးရွာရှိ ပြည်သူများမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေချိန် SNAပြည်သူ့စစ်များက ပြည်သူများ၏ ပစ္စည်းများကို ယင်းတို့စိတ်ကြိုက် သယ်ယူကာ လုယူသုံးစွဲနေကြခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ ဟူးကောင်းဒေသတွင်းရှိ ဝေလော၊ လပူခနှင့် ပျားဆွဲ စသည့်ဒေသများတွင်လည်း ရှမ်းနီပြည်သူ့စစ်နှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှ ပြည်သူများ၏ ပစ္စည်းများကို စိတ်ကြိုက်သယ်ယူသုံးစွဲနေကြသည်ဟု ဆိုသည်။


ရှမ်းနီပြည်သူ့စစ်နှင့် မင်းဇေသန့်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှာ စစ်ကြောင်းလှုပ်ရှားလာသည့် ကျေးရွာတွင်း ပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများကို စိတ်ကြိုက်လုယူ သုံးစွဲကြသလို ပြည်သူ့ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page