top of page

စစ်ကောင်စီက အစိုးရဝန်ထမ်းများအား အပိုထောက်ပံ့ကြေးဟုဆိုကာ လစာတိုးမြင့်ပေး

  • Writer: Pajau Media
    Pajau Media
  • Oct 1, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


အစိုးရဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများအားလုံးကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံကြေးဟု အမည်တပ်ကာ လစာ ၃သောင်း တိုးမြှင့်ပေးလိုက်ပြီး ဝန်ကြီးဌာနမှ နေ့စားလုပ်အားခများကိုမူ တစ်ရက်လျှင် ၇၈၀၀ကျပ် အထိတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။


အဆိုပါ အပိုထောက်ပံ့ကြေး တိုးမြှင့်မှုတွင် အငြိမ်းစားဝန်ထမ်းများအားလုံးလည်း အကျုံးဝင်ပြီး ယနေ့ အောက်တိုဘာလ ၁ရက်နေ့မှစ၍ အငြိမ်းစားဝန်ထမ်းများလည်း လစဉ် ၃၀၀၀၀ကျပ် ထပ်ဆောင်းရရှိမည်ဖြစ်ကြောင်း သိရှိရသည်။


အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားလုပ်ကိုင်နေသော နေ့စားဝန်ထမ်းများကိုမူ တစ်ရက် အလုပ်ချိန် ၈နာရီအတွက် လုပ်အားခကို ၇၈၀၀ကျပ်တိတိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။


စစ်ကောင်စီက အစိုးရဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများအားလုံးအတွက် လစာ တိုးမြှင့်လိုက်သောကြောင့် လက်ရှိအစိုးရဝန်ထမ်း ၁သန်းကျော်၊ အငြိမ်းစားဝန်ထမ်း ၁သန်းနီးပါးနှင့် စစ်သားများအားလုံးအတွက် လစဉ် ငွေကြေးများ ထပ်မံရိုက်နှိပ်ရမည်ဖြစ်ကြောင်းနှင့် မြို့ပြဒေသများမှ ဝန်ထမ်းများအတွက်မူ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တို့ဖြင့် လစာပေးချေဖြစ်သည်ဟု ဆိုသည်။


စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ၊ စစ်သားများ၊ အငြိမ်းစားများအနေဖြင့် လစဉ် အပိုထောက်ပံ့ကြေးကို ၂၀၂၃ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ်နှင့် ယခုတစ်ခါ တတိယကြိမ်အဖြစ်လစဥ် ထောက်ပံကြေး တိုးမြင့်လိုက်ကြောင်း သိရသည်။


သတင်း-ဖရိန်း



Comments


Pajau Media

Thanks for subscribing!

bottom of page