စစ်ကောင်စီက အရပ်ဘက်အဖွဲ့အစည်းမှ ဆေးဝါးထုတ်ယူ သုံးစွဲခွင့်မပြု
- Pajau Media

- Aug 13, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ ဩဂုတ်၊ ၂၀၂၅။

စစ်ကောင်စီက HIV၊ တီဘီနှင့် ငှက်ဖျားဆေးများကို စစ်ကောင်စီလက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများတွင်သာ ဆေးထုတ်ယူခွင့်ပြုရန် အမိန့်စာထုတ်ပြန်ခဲ့ခြင်းမှာ ဝေးလံခေါင်ပါးသည့် ဒေသမှ ပြည်သူများအတွက် အဖက်ဖက်မှ ခက်ခဲလာနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ၇ရက်နေ့တွင် HIV၊ တီဘီနဲ့ ငှက်ဖျား ဆေးဝါးများကို ယင်းတို့လက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းမှလွှဲပြီး INGO၊ NGOနှင့် အဖွဲ့အစည်းများမှ ဆေးဝါးထုတ်ယူခွင့် မပြုကြောင်း စာထုတ်ခဲ့သည်။
ထို့ကြောင့် ဝေးလံခေါင်ပါးသည့် ဒေသများမှ HIV၊ တီဘီနှင့် ငှက်ဖျား ဆေးဝါးသုံးစွဲနေရသည့် ပြည်သူများမှာ ဆေးဝါးရယူ ကုသမှုအတွက် ပိုမိုခက်ခဲလာပြီး အဖက်ဖက်မှ ခက်ခဲလာနိုင်သည်ဟု ဆိုသည်။
ထို့အပြင် လက်ရှိ ကချင်ပြည်နယ်မှ မြို့စွန်ပိုင်းနေထိုင်သူ ဒေသခံအများစုကလည်း အရပ်ဘက်အဖွဲ့အစည်းမှ ကူညီထောက်ပံ့သည့် ဆေးဝါးပစ္စည်းများကိုသာ အဓိကထုတ်ယူသုံးစွဲ နေရခြင်း ဖြစ်သည်။
သို့သော် စစ်ကောင်စီက ယင်းတို့လက်အောက်ရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင်သာ ထုတ်ယူသုံးစွဲရန် စာထုတ်ပြန်ခဲ့သောကြောင့် မြစ်ကြီးနားလိုမြို့ပြနှင့် ဝေးလံခေါင်ပါးသည့် အင်းဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး စသည့်ဒေသခံများအတွက် ပိုမိုခက်ခဲလာနိုင်သည်ဟု ဆိုထားသည်။
သတင်း - ပီလမ့်အူ




Comments