top of page

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာခြင်းအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်

  • Writer: Pajau Media
    Pajau Media
  • Mar 7, 2024
  • 1 min read

ပါဂျောင်မီီဒီယာ

၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


ညီနှောင်မဟာမိတ်သုံးဖွဲ့မှ အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီဖြစ်သည့် မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းသည် စစ်ကောင်စီနှင့် ညီနှောင်သုံးဖွဲ့တို့အကြား သဘောတူထားသည့် ဟိုင်ဂင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိပါတယ်လို့ ညီနှောင်မဟာမိတ်အဖွဲ့မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။


စစ်ကောင်စီမှ မတ်လ (၄)ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့် မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်တို့သည် ညီနှောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက် အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီးဖြစ်သည့် မြို့နယ်များဖြစ်သည်ဟု ဆိုသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနှောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့သည် ၂၀၂၄ခုနှစ် ဇန္နဝါရီ (၁၁)ရက်နေ့တွင် ဟိုင်ဂင်သဘောတူညီချက်ကို နှစ်ဖက်အပစ်အခတ်ရပ်စဲသည့် အနေဖြင့် လက်မှတ်ရေးထိုးပြီး အပစ်အခတ်ရပ်စဲခဲ့ကြသည်။


ဟိုင်ဂင်သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ ရှမ်းမြောက်ဒေသတွင် ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲရေး၊ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် မြောက်ပိုင်းဒေသအတွင်း ပြည်သူလူထုများ စစ်ဘေးဒဏ်မှ ပြန်လည်ထူထောင် နိုင်ရေးတို့အတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာသော အပစ်ရပ်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးတို့ ကတိပြုခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားသည်။


ညီနောင် မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က သိမ်းပိုက် ထိန်းချုပ်ထားသည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူ မြို့နယ်တွေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည့်အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့က မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။




Comments


Pajau Media

Thanks for subscribing!

bottom of page