top of page

စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် တစ်လအတွင်း အမျိုးသမီး ၆၁ ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Dec 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၆ရက်၊ဒီဇင်ဘာ၊၂၀၂၄။



စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားသည့်နေရာများကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ ‌နေထိုင်သောနေရာများကိုပါ လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ အတွင်း အမျိုးသမီး သေဆုံးသူ ၆၁ဦးရှိပြီး ဒဏ်ရာရရှိသူ ၆၄ဦး အထိရှိ ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ၏ဖော်ပြချက်အရသိရသည်။


သေဆုံးသူတွေများထဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၃၇ ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၆ဦး ရှိပြီး၊ မြေမြှုပ်မိုင်းနှင့် မီးရှို့သတ်ဖြတ်မှုကြောင့် ၈ ဦး သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။ သေဆုံးမှု အများစုမှာ ရှမ်းပြည်၊ ရခိုင်ပြည်နယ်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းများမှ အများဆုံးပါဝင်နေကြောင်းသိရသည်။




စစ်ကောင်စီတပ်များသည် ပြည်သူနှင့် စစ်ကို ခွဲခြားခြင်းမရှိပဲတိုက်ခိုက်နေသောကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှု တစ်နေ့ထက်တစ်နေ့များပြားလာပြီး၊ လွန်ခဲ့သည့် အောက်တိုဘာလတွင်လည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုများအပါအဝင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း BWU က ထုတ်ပြန်ထားသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page