top of page

စစ်ကောင်စီတပ်စခန်း ၄နေရာကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်

  • Writer: Pajau Media
    Pajau Media
  • Jun 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၏ အမှတ်(၉)တပ်မဟာဒေသတွင် အခြေပြုတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၄နေရာကို KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


ဇွန်လ ၂၄ရက် ယနေ့နံနက် ၅နာရီမိနစ်၃၀အချိန်တွင် နှောင်လွတ်နှင့် ချောင်းဝ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။


အလားတူ ဇွန်လ၂၂ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များ၏ ပူးပေါင်းတပ်စခန်းကို ယမန်နေ့ ဇွန်လ ၂၃ရက်နေ့ ည၈နာရီခွဲအချိန်တွင် ညောင်ပင်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး၊ ညနေ၆နာရီ ၄၅မိနစ်အချိန်တွင် ဝှေလုံစခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ချောင်းဝ၊ ဝှေလုံနှင့် ညောင်ပင် တပ်စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ၂၂ရက်နေ့ကတည်းက စခန်းသိမ်း ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။


တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ကူခဲ့သောကြောင့် ယင်းဒေသရှိ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းလည်း သိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page