စစ်ကောင်စီတပ်ဖွဲ့နှင့် KIAပူးပေါင်းတပ်တို့ နမ့်တိန်နှင့်တံတားညီနောင်ကျေးရွာအနီးဝန်းကျင်တွင် ထိတွေ့တိုက်ပွဲပြင်းထန်
- Pajau Media

- May 23, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊မေလ၊၂၀၂၅။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ထိုးစစ်ဆင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIAပူးပေါင်းတပ်တို့ နမ့်တိန်နှင့် တံတားညီနောင်ကျေးရွာအနီးဝန်းကျင်တွင် ယမန်နေ့ မေလ၂၂ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်ကောင်စီတပ်က ဆုတ်သလိုလိုလုပ်ပြီး ရုတ်တရက် ဒီနမ့်တိန့်ဘက်နဲ့ တံတားညီနောင်ဘက် စစ်ကြောင်းပြန်ထိုးလာတော့ အဲ့မှာတိုက်ပွဲစဖြစ်ပြီး တိုက်ပွဲပြင်းထန်လာတာ” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များမှာ လုံးခင်းလေပြင်မှ ၅မိုင်နှင့်၆မိုင်ကျေးရွာဘက် စစ်ကူသွားနေချိန် KIAပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဖားကန့်ဗျူဟာကုန်းတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ကူခဲ့ကြောင်းလည်း သိရသည်။
မေလ၂၂ရက် တစ်နေ့ထဲတွင် KIAအမှတ်(၂၆)တပ်ရင်းဒေသ၊ KIAတပ်ဖွဲ့များနေရာယူထားသည့် ဆနွင်းကုန်းဘက်သို့ စစ်ကောင်စီတပ်နှင့်ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ဖားကန့်မြိုနယ်ကို ပြန်လည်ထိန်းချုပ်နိင်ရန်အတွက် ထိုးစစ်ဆင်စစ် ကြောင်းထိုးခဲ့ရာ နမ့်တိန့်ကျေးရွာနှင့် တံတားညီနောင် ကျေးရွာအနီး တစ်ဝိုက်တို့တွင် ယမန့်နေ့အထိ နှစ် ဖက်တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်သည့်အပြင် KIAပူးပေါင်းတပ်ဖွဲ့မှလည်း နှစ်ဖက်ပိတ်ဆို့ကာ ထိုးစစ်ဆင်ပြန်လည် တိုက်ခိုက်နေသောကြောင့် အချို့ဖားကန့်လမ်းပိုင်း နေရာများတွင် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း ပြောသည်၊၊
ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ စစ်ကောင်စီတပ်ဖွဲ့များ မေလ၁၉ရက်ညတွင်လည်း ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူတိုက်ခိုက်ခဲ့သလို မေလ၂၁ရက်တွင်လည်း လက်နက်ကြီး ပစ်ခတ်ကူညီတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
သတင်း - ဖရိန်း










Comments