top of page

စစ်ကောင်စီတပ်ဖွဲ့များမှ KIA အမှတ်(၁) တပ်မဟာ ဒေသဘက်သို့ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Nov 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊နိုဝင်ဘာ၊၂၀၂၄။





KIAအမှတ်(၁)တပ်မဟာဒေသ၊ ပူတာအိုမြို့အနီးရှိ ကျေးရွာဒေသများတွင် ယခုအပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုး လှုပ်ရှားမှုများ နေ့စဉ်ပြုလုပ်လာသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။


စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက လက်ရှိ ပူတာအိုဒေသ ဖတ်မာကျေးရွာ လုံဂါကုန်းနေရာတွင် တပ်စွဲအခြေချနေထိုင်နေပြီး အင်အားတိုး လှုပ်ရှားမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။


ယခုကဲ့သို့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဖတ်မာကျေးရွာနေ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျေးရွာအတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေထိုင်လာခြင်းနှင့် စစ်အင်အားတိုးချဲ့လာခြင်းတို့ကြောင့် ဒေသခံများ၏ နေအိမ်နှင့် သွားလာရေးအတွက် စစ်ဆေးမှုများ တင်းကြပ်လာမည်ကို စိုးရိမ်နေကြရပြီး၊ တိုက်ပွဲဖြစ်ပွားလာချိန် ထပ်မံထွက်ပြေးတိမ်းရှောင်ရမည်ကိုလည်း စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် နိုဝင်ဘာ၂၀ရက်နေ့တွင်လည်း KIAအမှတ်(၁)တပ်မဟာဒေသဘက်သို့စစ်ကောင်စီက လေယာဉ်ဗုံး လေးလုံးလာရောက်ကျဲခဲ့ရာ နှစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ကျန်နှစ်လုံးမှာတော့ ပေါက်ကွဲခြင်းမရှိခဲ့ဘူးဟု ဆိုသည်။


ထို့အပြင် အဆိုပါနေ့တစ်ရက်ထဲတွင် KIAအမှတ်(၇)တပ်ရင်း ဒေသဘက်ကိုလည်း စစ်ကောင်စီက လေယာဉ်ဗုံး လေးကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး နှစ်လုံး ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါနေ့သည် နယ်ခြားစောင့်တပ်ဖွဲ့နယ်မြေမှ တစ်ခုတည်းကျန်ရှိနေသည့် ကုန်သွယ်ရေးမြို့ ကံပိုင်တည်မြို့ကို KIAက တစ်ရက်ထဲတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်နေ့လည်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page