စစ်ကောင်စီတပ်မှ မတ်လ(၁)လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း (၆၃၁)မှု လုပ်ဆောင်ခဲ့
- Pajau Media
- Apr 24
- 1 min read
ပါဂျောင်မီဒီယာ။
၂၄ရက်၊ဧပြီလ၊၂၀၂၅။
စစ်ကောင်စီတပ်မှ မတ်လ(၁)လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း (၆၃၁) ခုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်ထားသည်။
လူအခွင့်အရေးချိုးဖောက်မှုတွင် ကိုယ်ပိုင်ပစ္စည်းများဖျက်ဆီးခံရခြင်း၊ အတင်းအဓမ္မ စေခိုင်းခြင်း၊ တရားလက်လွှတ်သတ်ဖြတ်ခံရခြင်း၊ တရားလက်လွှတ်ဖမ်းဆီးမှု၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူအား လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အခြားလူအခွင့်အရေးဆိုင်ရာများ ပါဝင်သည်။
ကချင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း (၁၇)ကြိမ်တိတိ ရှိခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု(၉)ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြစ်မဲ့ အရပ်သားများအပေါ် တိုက်ခိုက်မှုပေါင်း (၁၅၆)ကြိမ်ရှိခဲ့သည်။ ထိုသို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း (၃၃၇)ဦး၊ သေဆုံးသူ (၂၀၂)ဦး ရှိခဲ့ကာ၊ ထိုအထဲတွင် အသက်မပြည်သေးသည့် ၁၈နှစ်အောက် ကလေးငယ်(၂၅)ဦး ပါဝင်ကြောင်း ဖော်ပြထားပြီးကချင်ပြည်နယ်မှာတော့ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၄၅)ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည် မတ်လ ၂၈ရက် ငလျှင်လုပ်ပြီးနောက် ယာယီအပစ်ခတ်ရပ်စဲရေးကို ဧပြီလ ၂၂ရက် နေ့မှ ၃၀ရက်ထိ ထပ်တိုး ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် စစ်ရေးပြင်ဆင်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုမှာ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။
သတင်း - ဇော်
Comments