top of page

စစ်ကောင်စီပိုင် သတင်းဌာနများမှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ထုတ်ပြန်ချက်

  • Writer: Pajau Media
    Pajau Media
  • Apr 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဧပြီလ၊၂၀၂၅။




မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုမှာ ယမန်နေ့ ဧပြီ၂ရက်နေ့ထိ သေဆုံးသူ ဉီးရေ (၃,၀၀၀)ကျော် ရှိလာကြောင်း စစ်ကောင်စီပိုင် သတင်းဌာနများမှ ထုတ်ပြန်ချက်အရ သိရသည်။


စစ်ကောင်စီထုတ်ပြန်ချက်ထဲတွင် ဧပြီ၂ရက် ညနေ၆နာရီထိ စာရင်းများအရ သေဆုံးသူမှာ (၃,၀၀၃) ဦးထိရှိလာပြီး၊ ဒဏ်ရာရသူမှာ (၄,၅၁၅)ဉီးထိ ရှိလာကာ၊ ပျောက်ဆုံးနေသူ အရေအတွက်လည်း (၃၅၀)ကျော် ရှိနေကြောင်း ဆိုထားသည်။


ထို့အပြင် လူနေအိမ် အဆောက်အဦး (၂၁,၇၈၃)လုံးနှင့် စာသင်ကျောင်း (၁,၀၄၁)ကျောင်း ပျက်စီးခဲ့ရသလို ဝန်ထမ်းအိမ်ရာများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများနှင့် အခြား အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။


လက်ရှိအချိန်အထိ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရိုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဟောင်ကောင် စသည့် နိုင်ငံပေါင်း ၁၅နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း (၁,၉၁၅)ဦးရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဆက်လက်ဖော်ပြထားသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page