top of page

စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဉီးဒါရှီလဆိုင်း ပြန်လည်လွတ်မြောက်

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၁၊ ၇၊ ၂၀၂၄



စစ်ကောင်စီ ဖမ်းဆီးထောင်ချထားသော ယခင် NLD အစိုးရ၏ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာပြီ ဟု မြစ်ကြီးနားဒေသခံမှ ပါဂျောင်မီဒီယာသို့ ပြောပြလာပါသည်။

“သူမနေ့တနေ့က ထောင်လွတ်လာတာ ဟုတ်တယ်… ထောင်ဒဏ်ရက်စေ့ပြီး သူလွတ်မြောက်လားတာ။ သူကျန်းကျန်းမာမာနဲ့ပဲ လွတ်လာတယ်လို့” ဟု ပြောပြခဲ့သည်။


ဦးဒါရှီလဆိုင်းသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရပြီး ယခု ထောင်ဒဏ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိရှိရပါသည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားလှယ်များ အစိုးရဖွဲ့ပြီးအချိန်အထိ ကချင်ပြည်နယ် အစိုးရအဖွဲ့လက်အောက်တွင် ဌာနဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့ ထုတ်ပြန်ချက် ထုတ်သည့်နေ့မှာပင် ဦးဒါရှီလဆိုင်းရဲ့ နေအိမ်၌ လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပါသည်။


စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ဖြစ်ကြသော ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လိုက်လံဖမ်းဆီးထောင်ချခဲ့ကြသည်။ ပြီးခဲ့သည့် ဧပြီလမှာပင် စည်ပင်ဝန်ကြီး နဲ့ စီမံစီပွားရေး၀န်ကြီးများ ပြန်လည်လွတ်မြောက်လာကြောင်းလည်း သိရှိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page