စစ်ကောင်စီမှ ငလျင်ဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရေးအတွက် ယာယီအပစ်ခတ်ရပ်စဲရေးအား ဧပြီ၂၃ရက် မှ ၃၀ရက်အထိ ထပ်မံတိုးမြှင့်ကြောင်းကြေညာချက်ထုတ်ပြန်
- Pajau Media

- Apr 23, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊ဧပြီ၊၂၀၂၅။
မြန်မာနိင်ငံတွင် မတ်လ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သောအင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီမှ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ယာယီအပစ်ခတ်ရပ်စဲရေးထုတ်ပြန်ထားခဲ့ပြီးနောက် ယမန်နေ့ ဧပြီ ၂၂ ရက်နေ့တွင် ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်နိုင်ရန် ယနေ့ ဧပြီ ၂၃ ရက်နေ့မှ ၃၀ ရက်ထိတိုင်အောင် ယာယီ အပစ်ခတ်ရပ်စဲရေးကိုထပ်မံတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့ပြန်သည်။
ယခင်စစ်ကောင်စီထုတ်ပြန်ခဲ့သော ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ ယာယီအပစ်ခတ်ရပ်စဲရေးအပေါ် KIOအစိုးရဘက်မှခုခံစစ်မှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုကိုရပ်နားရန် သဘောတူစာထုတ်ပြန်ခဲ့သော်လည်း ယခုတစ်ခါယာယီအပစ်ခတ်ရပ်ဆဲရေးထပ်မံတိုးမြှင့်လိုက်တဲ့အပေါ် အမျိုးသားညီညွှတ်ရေး အစိုးရ NUG နှင့် KIO အစိုးရဘက်မှ လက်ရှိအချိန်ထိ တုန့်ပြန်ကြေညာချက်မရှိသေးကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် ဧပြီ ၂ ရက်နေ့မှ ၂၂ရက်နေ့ထိ ယာယီအပစ်ခတ်ရပ်စဲရန်ထုတ် ပြန်ထား ခဲ့သော်လည်း ဗန်းမော်မြို့အပါအဝင် ကချင်ပြည်နယ်နေရာအများအပြားတွင်လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် အဆက်မပြတ်တိုက်ခိုက်နေခဲ့ကြောင်းသိရသည်။
သတင်း-ဖရိန်း










Comments