top of page

စစ်ကောင်စီမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေလ(၃၁)ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်ထပ်မံတိုးမြှင့်ကြောင်းကြေညာ

  • Writer: Pajau Media
    Pajau Media
  • May 6, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၆ရက်၊မေလ၊၂၀၂၅။


စစ်ကောင်စီမှ မေလ(၆)ရက်နေ့မှ (၃၀) ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်ထပ်မံတိုးမြှင့်လိုက်ကြောင်း ယနေ့ မေလ(၆)ရက်နေ့တွင် တစ်ဖန်ပြန်လည်ထုတ်ပြန်ထားသည်။


မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သောအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှုများ၊ငလျင်ဒဏ်သင့်ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အပစ်ခတ်ရပ်စဲရေးထပ်မံတိုးမြှင့်ကြောင်း စစ်ကောင်စီမှထုတ်ပြန်လိုက်သည်။


စစ်ကောင်စီက အပစ်ခတ်ရပ်စဲကြောင်းကြေညာထားသော်လည်း ဗန်းမော်နှင့် ဖားကန့်ဒေသဘက်သို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး လေကြောင်းဖြင့်နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေကြောင်းသိရသည်။


ထို့အပြင် ဝိုင်းမော်မြို့၏ မြိုစောင့် တပ်ဖြစ်သော ခလရ(၅၈) မှလည်း မေလ (၄)ရက်နေ့မှ ယနေ့(၆)ရက်နေ့အထိလမြန်ကျေးရွာဘက်သို့ လက်နက်ကြီး၊ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် KIA နှင့်စစ်ကောင်စီ နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ရှိနေကြောင်းသိရသည်။


သတင်း - ဇော်






Comments


Pajau Media

Thanks for subscribing!

bottom of page