စစ်ကောင်စီမှ ဖားကန့်ဒေသကို ဂျက်လေယာဥ်သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့
- Pajau Media

- Apr 9
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ဧပြီ၊၂၀၂၆။

လတ်တလော စစ်ရေးတင်းမာနေသည့် ဖားကန့်မြို့နယ်ရှိ နေရာတချို့တွင် ဒီကနေ့မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာ သုံးစင်းဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီကနေ့ ဧပြီ ၉ ရက်နေ့ မွန်းလွဲပိုင်း အချိန် ၂ နာရီ ၉ မိနစ်မှ ၂ နာရီ ၂၃ မိနစ်ကြားခန့်တွင် ဖားကန့်မြို့နယ် အမှိုက်ပုံကျေးရွာ ပတ်ဝန်းကျင်နေရာများတွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ထက်မနည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးမှုနှင့် ထိခိုက်သေဆုံးမှု ရှိမရှိ ကိုတော့ အသိကျမသိရှိရသေးပါ။
ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဖားကန့်ဒေသတွင် လက်ရှိချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေကာ စစ်ကောင်စီတပ်မှ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments