top of page

စစ်ကောင်စီမှ ဖားကန့်မြို့တွင် လေကြောင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းနေ

  • Writer: Pajau Media
    Pajau Media
  • Aug 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ရှုံးလျက်ရှိနေသောစစ်ကောင်စီသည် လေကြောင်းအသုံးပြုကာ စစ်အင်အား ရိက္ခာအင်အားဖြည့်တင်းလျက်ရှိသည်။


ဩဂုတ်လအတွင်း ကချင်းပြည်နယ် ဖားကန့်မြို့တစ်ဝိုက်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရသည့် စစ်ကောင်စီသည် နောက်နှစ်ပတ်အကြာတွင် လေကြောင်းလိုင်းအသုံးပြုကာ စစ်အင်အားဖြည့်တင်းလျက်ရှိသည်။


ဖားကန့်ဗျူဟာကုန်းတွင် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး စစ်ကောင်စီမှ ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ကာ တစ်စီးတွင် စစ်သားအယောက် ၃၀ ဝန်းကျင်ခန့် ဖြည့်တင်းနေချိန် ကျန်တစ်စီးမှာ ကင်းထောက်ပေးကာ နေစဉ်ပို့ဆောင်လျက်ရှိနေသည်ဟု ဖားကန့်ဒေသခံတစ်ဦးပါဂျောင်မီဒီယာကို ပြောခဲ့သည်။


ထိုသို့ စစ်အင်အားဖြည့်တင်းနေသည့်ရက်များတွင် ထိုဗျူဟာကုန်းမှ ဘေးပတ်ဝန််းကျင်တွင်ရှိသော ကျေးရွာများသို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်လျက်ရှိနေပါသည်။ ထိုပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာသည့် အရပ်သားတစ်ဦးနှင့် ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်သည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီသည် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာသည့် အချိန်မှစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်တွင်ရှိသည့် နန့်ယား၊နန့်တိန်း၊ ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လတွင် လမောင်ကုန်းစခန်း၊ တောမှော်စခန်းတို့ကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။


ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ ကချင်တစ်ပြည်နယ်လုံးနီးပါး ဖုန်းလိုင်းအင်တာနက်လိုင်းများဖြတ်တောက်ထားလျက်ရှိကာ လက်ရှိတွင် အချို့နေရာတွင် ဖုန်းလိုင်းရရှိနေသောလည်း ဖားကန့်ဒေသတွင် ယခုအချိန်ထိ သတင်းအမှောင်ချထားကာ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page