top of page

စစ်ကောင်စီမှ မြစ်ကြီးနားမြို့အနီးတဝိုက်တွင် စစ်ရေးလှုပ်ရှားမှုနှင့်လုံခြုံရေးတင်းကျပ်ခြင်းများ ပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Jan 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊ဇန္နဝါရီ၊၂၀၂၅။




စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှ မြစ်ကြီးနား၊ ရှစ်မိုင်-ယိန်းခေါ လမ်းဆုံနေရာတွင် နေရာယူဂိတ်အထိုင်ချကာ လမ်းသွားလမ်းလာ ပြည်သူများအား ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခြင်းနှင့် ပိုက်ဆံကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


အဆိုပါတပ်ဖွဲ့မှာ ပလန-ရှစ်မိုင်အတွင်း နေရာပြောင်းရွေ့ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး၊ လက်ရှိ ယိန်းခေါလမ်းဆုံနေရာတွင် ဂိတ်အထိုင်ချနေသည်မှာ လေးရက်နီးပါး ကြာမြာင့်လာပြီဖြစ်ကြောင်းသိရသည်။




“စစ်ဝတ်စုံလည်း အပြည့်ဝတ်ထားပြီး သေနတ်လည်း ကိုင်ထားတဲ့ စစ်သား၅ယောက်ဟုတ်တယ်။ အဲဒီယိန်းခေါလမ်းဆုံမှာ ထိုင်တာ လေးရက်လောက်ရှိပြီ။ ပစ္စည်းအများကြီးသယ်ထားတဲ့ ကားတွေ၊ လမ်းသွားလမ်းလာကားတွေကို ရပ်ခိုင်းထားပြီး စစ်ဆေးတယ်။ ရှစ်မိုင်အတွင်းမှာပဲ နေရာရွှေ့ပြောင်းပြီး နေနေကြတယ်။ အဓိကက ပိုက်ဆံကောက်ကြတာပေါ့။” ဟု ရှစ်မိုင်ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့များမှာ မြစ်ကြီးနားမြို့အတွင်း စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်လာပြီး ပြည်သူများအား ဖုန်းစစ်ဆေးခြင်း၊ ကား၊ဆိုင်ကယ်စစ်ဆေးခြင်းနှင့် ရှောင်တခင်မေးမြန်းစစ်ဆေးခြင်းများ လုပ်ဆောင်လာကြောင်း သိရသည်။


ထို့အပြင် မြစ်ကြီးနား-၁၀မိုင်အထက်ရှိ လမုန့်ဇွပ်ကျေးရွာတွင်လည်း စစ်တပ်မှ ဂိတ်စခန်း နေရာယူထားသည်မှာ ၅လနီးပါးကြာမြင့်လာခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများအား ရံဖန်ရံခါ ပိုက်ဆံကောက်ခံပြီး၊ စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်တတ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page