top of page

စစ်ကောင်စီမှ သန်းခေါင်စာရင်း ကောက်ခံမှုကို ရက်တိုးကောက်ခံသွားမည်

  • Writer: Pajau Media
    Pajau Media
  • Oct 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊အောက်တိုဘာ၊၂၀၂၄။



စစ်ကောင်စီက နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ခံမှုကို အောက်တိုဘာလကုန်အထိ ထပ်မံတိုးကောက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


၂၀၂၄ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုကို စစ်ကောင်စီက အောက်တိုဘာ ၁ရက်နေ့မှ ၁၅ရက်နေ့အထိ သတ်မှတ်ထားခဲ့ပေမဲ့ယခုချိန်ထိ မပြီးစီးသေးသည့်ဒေသများ ကျန်ရှိနေသေးသည့်အတွက် အောက်တိုဘာလကုန်အထိ တိုးကောက်ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိ ကချင်ပြည်နယ်အပြင် မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် သန်းခေါင်စာရင်းကောက်ခံနေပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှလည်း လူထုသဘောတူညီမှုမရှိသည့် သန်းခေါင်စာရင်းကောက်ခံမှုကို တားဆီးပိတ်ပင်ပေးဖို့ လှုံ့ဆော်ထားသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၁၂ရက်နေ့တွင်လည်း ကချင်-စစ်ကိုင်းအစပ် ကသာဒေသအနီး သန်းခေါင် စာရင်းကောက်ခံနေသည့် စစ်ကောင်စီနှင့် PDF အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် မန္တလေး နှင့် ချင်းပြည်နယ်တို့တွင်လည်း သန်းခေါင် စာရင်းကောက်ခံနေသည့် စစ်ကောင်စီလက် အောက်ခံများ တိုက်ခိုက်ခံရမှုများဖြစ်ပွားခဲ့သည်။


ထို့ကြောင့် သန်းခေါင်စာရင်းကောက်ခံသည့် ကာလအတွင်း တော်လှန်ရေးအင်အားစုများနှင့် သန်းခေါင် စာရင်းကောက်ခံသူတွေအကြား အပြန်အလှန် ဖမ်းဆီးခံရတာတွေ ရှိခဲ့သလို သေဆုံးသူအချို့လည်း ရှိခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀အနက် မြို့နယ်ပေါင်း၂၃၀ကျော်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု မြန်မာ့နိုင်ငံအရေး လေ့လာစောင့်ကြည့်သည့် Institute for Strategy and Policy-Myanmar က ထုတ်ပြန်ထားသည်။


ထို့ကြောင့် အချို့မြို့နယ်များကို တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရန် ခက်ခဲနေသည့်အပြင် စစ်တပ်က ကောက်ခံရရှိထားသည့် သန်းခေါင်စာရင်းကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။


မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်နှင့် ၂၀၁၉ခုနှစ်များတွင်လည်း ကောက်ခံခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page